Part 39

977 62 1
                                    

Krist ကိုယ်​ကို မတင်​လိုက်​ပြီး ကုတင်​​ပေါ်သို့ ခပ်​ကြမ်းကြမ်း ပစ်​ချလိုက်​သဖြင့်​ krist ​ကြောက်​လန့်​တကြား ဖြစ်​ရသည်
ထိုလူ၏ မျက်​လုံးများသည်​ krist ကို စူးစူးရဲရဲ စိုက်​ကြည့်​​နေပြီး krist အ​ပေါ်သို့ ခပ်​ကြမ်းကြမ်း တက်​ခွလာသဖြင့်​ krist ကိုယ်​လွတ်​ရုန်းရန်​ ကြိုးစား​နေသည်
မိမိသည်​ ​ယောက်ျားတစ်​​ယောက်​ပါ မိန်းက​လေး တစ်​​ယောက်​လို အားနွဲ့မ​နေ​သေးသဖြင့်​ ရှိသမျှ အားအကုန်​ ရုန်း​လေသည်

"မင်း ငြိမ်​ငြိမ်​​နေစမ်း "

ထိုလူလည်း စိတ်​မရှည်​သည့်​ ​လေသံဖြင့်​ ​အော်​ဟစ်​ရင်း မနည်း မရရ​အောင်​ ထိန်းချုပ်​​လေသည်
ထိုအချိန်​ ရုတ်​တရက်​ krist ဗိုက်​သားသို့ အားပြင်းသည့်​ လက်​သီးတစ်​ချက်​နှင့်​ ထိုး​သော​ကြောင့်​ မဆမတန်​ နာကျင်​သည့်​ဒဏ်​ကို အလူးအလဲ ခံစားရသည်
နောက်​ထပ်​ နှစ်​ချက်​ ဆင့်​ထိုးခြင်း ခံရသဖြင့်​ သုံးချက်​​မြောက်​မှာပဲ krist ရုန်းကန်​ဖို့ အားမရှိ​တော့ပါ

ထို့​နောက်​ မိမိအ​ပေါ်သို့ ခပ်​မဲ့မဲ့ အပြုံးတစ်​ခု စိုက်​ကြည့်​ရင်း နှုတ်​ခမ်းသားသို့ အကြမ်းပတန်း နမ်းရှိုက်​လာ​လေပြီ
Krist နှုတ်​ခမ်းကို တင်းတင်း​စေ့ထားပြီး အနမ်းခံခြင်း မပြု​သော​ကြောင့်​ လည်​ပင်းကို ထပ်​မံ ရန်​ရှာပြန်​သည်
လက်​မှလည်း အကျီ မှ ကြယ်​သီးများကို ဆွဲဖြုတ်​​နေသည်
ထိုလူစိတ်​တိုင်းကျ ပြုသမျှ krist ရင်​နာနာဖြင့်​ ခံ​နေရသည်
ဝမ်းနည်းဖွယ်​ ရွံရှာဖွယ်​တို့ဖြင့်​ ပြည့်​နှက်​​နေသည့်​ krist ရဲ့ ခံစားချက်​ကို ထိုလူသိဖို့မ​ပြောနှင့်​ စိတ်​​တောင်​ မဝင်​စား​ပေ

Krist သည်းခံတာ အတိုင်းတာရှိသည်​ ဒီထက်​ပိုပြီး သည်းမခံနိုင်​​တော့
မိမိ၏ ချစ်​သူ ဖြစ်​သူ​တောင်​ ဒီအခွင့်​​ရေး မရှိခဲ့ချိန်​ ဒီလူကို သူ ဘယ်​လိုမှ သဒ္ဒါစိတ်​မရှိပါ
နာကျင်​ရသည့်​ ကြားမှ ထပ်​မံ ရုန်းကန်​​နေ​သော​ကြောင့်​ ထိုလူ ကျစ်​တစ်​ချက်​ စုတ်​သပ်​လိုက်​ပြီး ​ဘေးနားရှိ ခါးပတ်​ကြိုးကို.ယူရန်​ ပြင်​​လေသည်

အချစ်​ဆု​တောင်း......(completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ