Krist နဲ့ စကားများပြီးနောက် singto ကားကို လူသူရှင်းနဲ့ တစ်နေရာသို့ မောင်းနှင်ခဲ့သည်
ထိုနေရာ ရောက်တော့မှပဲ ဒေါသနှင့်အတူ ပူဆွေးမှုတွေ လက်မခံနိုင်မှုတွေကို ပေါက်ကွဲပါတော့သည်Krist အချိန်ခနလေး အတွင်းမှာ ကျားတစ်ကောင်လို ပြောင်းလဲသွားတယ်
အမြဲ ကြောင်ပေါက်လေးလို ချွဲတတ်တဲ့လူက အခုတော့ သူ့ကို မာန်ဖီနေတယ်တဲ့လား..အတန်ကြာ အော်ဟစ်ပြီးတဲ့နောက်မှာတော့ တိတ်ဆိတ်မှုက ပြန်ရောက်ရှိလာခဲ့ပြီ
သူ့စီ ရုတ်တရက် ဝင်ရောက်လာသော ဖုန်းသံကြောင့် အတွေးများ နယ်ရပ်ပြိး ဖုန်းကိုင်ရန် ပြင်လေသည်
"ဟဲလို"
"Sing မင်း အဆင်ပြေရဲ့လား krist ရော ပါလာလား"
"အဲ့ကိစ္စ အိမ်ရောက်မှ ရှင်းပြမယ် ငါ အခု ပြန်လာနေပြီ"
"ဪ..အေးပါ "
Singto မိမိအိမ်သို့သာ အလျင်မြန် မောင်းနှင်လာခဲ့သည်
အိမ်တွင် off နှင့်အတူ gun ပါ ရောက်ရှိနေသည်
"Krist ရော ပါလာလား"
"P လည်း မသိဘူး sing က အိမ်ရောက်မှ ပြောမယ်တဲ့ P အထင် krist ကို သူ မတွေ့ခဲ့ဘူးတင်တယ်"
====
အလင်းရောင် အနည်းငယ်သာရှိပြီး အမှောင်ထု ကြီးစိုးနေသည့် အခန်းငယ်တွင် Pine တစ်ယောက်တည်း ငူငူငိုင်ငိုင် ထိုင်နေသည်
"ဒေါက်..ဒေါက်..ဒေါက်"
ညအချိန် တံခါးခေါက်သည့် အသံက သူမကို စိုးရိမ်မှု အလျဉ်း ဖြစ်စေသည်
"အပြင်က ဘယ်သူလည်း"
"ဒေါက်..ဒေါက်.."
ဒုတိယ ခေါက်သံက နှစ်ချက်တည်းပင်
ဒါဆို သူတို့ အချက်ပြတဲ့အတိုင်း တူညီသဖြင့် Pine တံခါးဖွင့်ပေးရန် ထွက်ခွာခဲ့သည်