"တီ...တီ...တီ..."
မနက်ခင်း၎နာရီ တိတ်ဆိတ်နေသောအခန်းထဲတွင် နှိုးစက်သံက ရုတ်တရက် ဆူညံလာသည် ဆောင်းတွင်းအချိန် အခန်းထဲစိမ့်ဝင်လာသော မြောက်ပြန်လေရူးများကလည်း အခန်းထဲကရှိတဲ့လူကို ဆောင်းတွင်းချိန်ခါမှန်း သိစေရန်အတွက် အအေးဓာတ်ကို ဖန်တီးနိုင်ရန် အကြိတ်အနယ် တိုးဝှေ့လာကြသည် krist အိပ်ယာမှ မနိုးထချင် မျက်လုံးမဖွင့်သေးဘဲ လက်နဲ့ နှိုးစက်ရှိရာ ရောင်ရမ်းစမ်းပြီး နှိုးစက်ဆက်မမြည်စေရန် ပိတ်လိုက်သည်
" အစောကြီးပဲ ထရဦးမယ် "
မျက်လုံးမဖွင့်သေး အရင်ငြီးတွားလိုက်သည် အရင်ကစိတ်နဲ့ဆို krist အိပ်ယာပေါ်ကနေ နေ့လည်၁၁လောက်ထိ ဆက်အိပ်နေမိလိမ့်မည် အခု အရင်လိုလုပ်လို့မဖြစ် အခုသူနေတဲ့အိမ်ကနေ အိမ်လခလာတောင်းမည့် အဒေါ်ကြီးကို ရှောင်ပုန်းရဦးမယ် ပိုက်ဆံမပေးချင်လို့တော့မဟုတ် သူကိုယ်တိုင်ပင်အနိုင်နိုင် သုံးစွဲရသည် တွေ့သမျှအချိန်ပိုင်း မရွေးဘဲဝင်လုပ်သည် ကျောင်းစရိတ် စားစရိတ် တော်တော်ကိုပိသည် လူလည်း အလုပ်လုပ်ရလွန်းလွန်း ဝလာသည်ကိုမရှိ တခါတခါ လူတင်မက စိတ်ကပါ ပင်ပန်းသေး ဒါပေမဲ့လည်း မိမိတစ်ယောက်တည်း ကိုယ့်ဘဝကို လျှောက်ရတော့လည်း ပင်ပန်းတဲ့ဒဏ် ခံနိုင်ရည်ရှိရသေးသည် အာ ဒီဘဝကြီးက ဘယ်တော့မှ ပြီးနိုင်မှာပါလိမ့်
"ဒေါက်...ဒေါက်...ဒေါက်"
အပြင်ကလူတစ်ယောက် အလောတကြီး တံခါးခေါက်သံ krist ကြားလိုက်ရသည်
"အာ ... ရှောင်ပါမယ်ဆိုနေ အစောကြီးရောက်လာပြီ"
Krist အလျင်အမြန်ပင် အိပ်ယာပေါ်မှ ခုန်ဆင်းပြီး အိမ်နောက်ဘေးတံခါးကနေ အပြင်ထွက်ရန်ပြင်သည် ညက ဝတ်စုံနဲ့ ဖရိုဖရဲ ကုတင်ဘေးက အနွေးထည်ထူကို ကောက်စွပ်ပြီး အနောက်ဘက်ကို မြန်မြန်ပြေး ဖိနပ်လည်း ကျွဲတစ်ဖက် နွားတစ်ဖက်နဲ့ တမနက်ခင်းလုံး သူတစ်ယောက်တည်း အလုပ်ရှုပ်နေသည် အိမ်နောက်ဘေး တံခါးဖွင့်ပြီး ပြေးမယ်အလုပ် အိမ်ရှေ့တံခါး "ဝုန်း" ကတည်းဖွင့်တဲ့အသံနဲ့ လူမိုက်လိုလို လူနှစ်ယောက်