Singto နှင့် krist တို့သည် ဟိုတယ်မှ မနကိစာ စားပြီး စိုက်ခင်းတွေဘက် ထွက်လာခဲ့သည် singto ဆိုသည့်လူသည် အလုပ်လုပ်ရာတွင် အရမ်းတိကျပြီး သေသပ်လွန်းလှသည် အရည်သွေးမှီသော ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ထုတ်လုပ်နိုင်ရန် ချင်းမိုင်ရှိ စိုက်ပျိုးရေးနေရာသို့ ကိုယ်တိုင်လာရောက်နေခြင်းပင် singto သည် မိမိ အလုပ်လုပ်ရမည့် နေရာသို့ ရောက်သည်နှင့် အလုပ်ထဲတွင် စိတ်ဝင်တစား ရှိလှသည် မိမိလိုချင်သည့် ပစ္စည်းအရေတွက်များအတွက် ကျသင့်ငွေများကို အဆင်ပြေအောင် ပြုလုပ်ပေးပြီး မိမိအတွက် အကျိုးရနိုင်သလို သူတပါးအတွက်လည်း မနစ်နာစေရန် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် လမ်းကို ရွေးသည် ထို့နောက် စည်းစနစ်တကျနှင့် စိုက်ပျိုးထားသော စိုက်ပျိုးသီးနှံများကို လေ့လာသည်
ချင်းမိုင်ဘက်က စိုက်ခင်းများသည် အလွန်ပေါများကြသည် သီးနှံများကိုလည်း သူ့နေရာနှင့်သူ သတ်မှတ်စိုက်ပျိုးကြသည် ထို့ကြောင့်ပင် krist စရောက်ကတည်းက စိုက်ခင်းရဲ့ ပုံသဏ္ဌာန်သည် အရောင်အသွေး စုံလင်နေသည်ကို သတိထားမိသည် အစိမ်းရောင် အဝါရောင် အမျိုးမျိုး သူ့ဘောင်နှင့်တူ အသီးသီး ရှိရုံသာမကသေးဘဲ အလုပ်သမားတွေရဲ့ အလုပ်လုပ်နေသော ပုံရိပ်များ ထပ်ပေါင်းထည့်ပြီး ကြည့်မည်ဆိုလျှင် အလွန်ကို ပြည့်စုံနေသည် စိုက်ခင်းဘက် အချို့နေရာများတွင် ချောင်းရေများ အသွင်သွင် စီးဆင်းနေသောကြောင့် ကလေးများ ရေကစားနေသည်ကိုလည်း krist မြင်တွေ့ရသောကြောင့် မိမိပင် ငယ်ဘဝ ပြန်ရောက်နေသည်အထိ ထိုကလေးများကို krist အတန်ကြာ ငေးကြည့်နေမိပါသည်
"Krist အရေးကြီးတဲ့ အချက်လက်တွေ လိုက်မှတ်ထားဦး "
Singto ပြောသံကြားမှ အတွေးကမ္ဘာထဲ နစ်မြောနေတဲ့ krist တစ်ယောက် သတိပြန်ရလာသည် အဲ့ချိန်ကျမှပဲ ခပ်သွက်သွက်ပင် note book ကိုထုပ်ပြီး မှတ်စရာရှိတာ လိုက်မှတ်နေသည် singto တို့ စကားဝိုင်းတွင် krist က ဘေးလူပင် မိမိ ဝင်ပြောစကားမရှိပေ