ရုံးခန်းရဲ့ တစ်နေရာတွင် ကျန်ရှိနေခဲ့သည့် krist ကတော့ အခုထိ ငိုကြွေးနေဆဲပင်
သူ့ဘဝကို ခက်ခက်ခဲခဲ သူဖြတ်သန်းဖူးပါသည်"အရှက်မရှိတဲ့ကောင် အပျက်ကောင်"
ဆိုသည့် နာမ်စားများက သူနှင့် ရင်းနှီးရလောက်သည်အထိ အပြောခံခဲ့ ရဖူးပါသည်
သို့သော် ယခုပြောလိုက်သည့် စကားလုံးများက krist ကို နာကျင်ရသည်ထက် မိမိချစ်ရပါသော singto ဆိုသူသည် မိမိဘက်မှာ ရပ်တည်နေခြင်း မရှိဘဲ သူ၏ ချစ်သူဘက်တွင်သာ သူရှိနေသည်ကို ခံစားမိရတော့ krist ရင်ထဲ အတိုင်းအဆမရှိ နာကျင်ခြင်းက နှိပ်စက်သည့်ဒဏ်ကို အလူးအလဲ ခံစားနေရသည်အခန်းထဲသို့ လူတစ်စုံတစ်ယောက် ဝင်လာသည်ကို သူသိသည် ထိုသူကလည်း သူချစ်ရသော P'sing ဖြစ်မည်ကို သူသိသည်
သူအခုချိန် singto နှင့် ရင်မဆိုင်ချင်ပါ မည်သည့် စကားမျှ မဆိုချင်ပါ
ထို့ကြောင့် သူ singto ကို ရှောင်ရန် အရင်လို "သန့်စင်ခန်း ခန"ဟု ပြောကာ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာနိုင်ရန် သူကြိုးစားနေမိသည်
သို့သော်လည်း အနောက်မှ ထိုလူ၏ လက်တစ်စုံ ဖမ်းဆွဲခြင်းကို krist ခံလိုက်ရသည်
လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသောကြောင့် krist ခြေလှမ်းတို့ ရပ်ဆိုင်းရသည်"Krist ငိုချင်ရင် P ရှေ့မှာပဲငိုပါ တခြားနေရာမှာ မငိုပါနဲ့"
"ဟင့်အင်း ကျွန်တော် မငိုချင်ဘူး ဘယ်အကြောင်းပြချက်နဲ့မှ မငိုချင်ဘူး တကယ် သန့်စင်ခန်း သွားချင်တာပါ"
"အဲ့တာဆို P ရှေ့မှာပဲ krist ပါးပေါ်က မျက်ရည်တွေ ကုန်အောင် သုတ်လိုက်ပါ "
"ကျွန်တော် မျက်ရည် မကျပါဘူး ကျွန်တော်ယောက်ျားပါ ဘယ်သူ့ကိုမှလည်း မျက်ရည်ခံထိုးပြီး မမြူစွယ်ဖူးဘူး အဲ့တာ P ရည်းစားသိအောင်ပဲ ပြောပေးပါ"
Krist လက်ကို လွှတ်ပြီး အခန်းမှ ထွက်ရန် ခြေလှမ်းပြင်ရုံရှိသေး အနောက်မှ ဆွဲလှည့်ခြင်းကို ရုတ်တရက် ခံလိုက်ရတော့ အငိုက်မိပြီး ပါသွားရသည်
Singto သည် krist ၏ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး krist နှင့် မျက်နှာချင်းဆိုင် ဖြစ်အောင် ပြုမူလိုက်သည်
ထို့နောက် krist သဘောကျသည့် လက်ဖဝါး နုနုလေးက ပါးပြင်ပေါ်ရှိ လက်ကျန် မျက်ရည်စများကို နူးညံစွာ ဖိသုပ်ပေးနေသည်