ဆောင်းတွင်းချိန် လူကသိပ်လန်းဆန်းခြင်းမရှိ မနေ့ညကအရှိန်နဲ့ ခေါင်းတောင်မထောင်နိုင် အရေးထဲ ရည်းစားက မနေ့ကချစ်သူသက်တမ်း၃လပြည့်ဆိုပြီး မနက်ကတည်းက ဖုန်းတဂွမ်ဂွမ်ပြိးတော့တနေကုန်သူ့နောက်လိုက်နေရသေး ဟိုဟာဝယ်ချင်တယ် ဒီဟာဝယ်ချင်တယ်နဲ့ မပြီးနိုင်မစီးနိုင် တခါတလေ မိန်းကလေးတွေ shopping ထွက်လို့ လိုက်ရတာ စိတ်ရှုပ်လွန်းလို့ ယောက်ျားလေးတောင် ပြောင်းကြိုက်ချင်မိတဲ့အထိ အဖေကလည်း သူ့ ကုမ္ပဏီပွဲမှာ ပွဲထုတ်နေလိုက်တာ အိမ်မှာနေရင် အမြဲချစ်ချစ်ခင်ခင် စကားမပြောကြတာ ပွဲရောက်မှ သူအားကိုးရတဲ့ သူ့တစ်ဦးတည်းသောသားပါတဲ့ တချို့တချို့ဟာသတွေက ရယ်ရတယ် မိခင်မရှိတော့တဲ့နောက်ပိုင်း အဖေကလုပ်ချင်တိုင်းလုပ်နေတာ မိန်းကလေးဆို သားဖြစ်သူနဲ့အပြိုင်ကို တွဲနေသေးတယ် ဒီအဖေတစ်ယောက်တည်းရှိတယ်ဆိုတော့လည်း သိပ်ပြီးမပြောချင် သူရှာထားသမျှပြသနာကိုသာ ဒိုင်ခံ လိုက်ဖြေရှင်းပေးရနဲ့ တခါတခါ ကိုယ်ကသားပါဆိုတာကို မေ့နေပြီး အဖေဖြစ်နေရသလို မိမိဘက်ကိုလည်း အကောင်းမမြင် မိခင်ဘက်ကိုလည်း တခါမှအကောင်းမပြော မိခင်ဆုံးပါးသွားမှသာ မျက်ရည်တစ်စက်လောက်ကျပြသည် ဒါလည်း အဖေအကယ်ဒမီရှော့ လုပ်နေမှန်းသိတော့ တခြားလူတွေ သနားကြပြီး နှစ်သိမ့်ပေမယ့် ကိုကတော့ ဂရုမစိုက်ဖြစ် ခံပြင်းစိတ်နဲ့သာ ရယ်နေမိသည် တခြားလူတွေ ကိုယ့်ဘဝကို သဘောကျကြပေမယ့် ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ဘဝင်မမြင့် ပျော်ရွှင်ခြင်းကို မိမိဘာသာရှာဖွေသည် ဥစ္စာပေါ ရုပ်ချောဆိုတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို ဖြစ်နေတော့လည်း ဘယ်မိန်းကလေးမှ ခက်ခက်ခဲခဲမလိုက်ရဘဲ ရေလာမြောင်းပေး လုပ်တဲ့လူကို ရည်းစားကောက်တော်လိုက်တယ် တချို့ခက်တဲ့ မိန်းကလေးကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်ပြီး သူ့အတွက် အရာရာဖြည့်ဆည်းပေးရအောင်လည်း ကိုယ်က အချစ်ကျေးကျွန်မဟုတ် အာ့တော့ လွယ်တဲ့လူနဲ့ပဲ ရည်းစားထားတယ် ဘာခက်လည်း ကိုလည်းအသည်းမကွဲရတော့