Part 24 (Unicode)

12.2K 1K 16
                                    

ဒန်နရယ်၏လက်ပေါ်မှ ခိုင်မာစွာ ဆုပ်ကိုင်ထားသော ဖရက်ဒီ၏လက်များသည် လျော့ရဲဖယ်ကျသွားခဲ့သည်။ ဒန်နရယ်၏နှုတ်ခမ်းများနှင့် ထိတွေ့နေသော အဖြူ ရောင်နှုတ်ခမ်းများသည်လည်း ဖယ်ကွာကာ သွေးစက်များနှင့်ပြည့်နေသော မျက်နှာသည် ဒန်နရယ်၏ရင်ခွင်ထဲသို့ ငိုက်ကျလာခဲ့သည်။ အမြဲတမ်းလိုလို ချစ်ခင်မှုများဖြင့် ပြည့်နေသော ဖရက်ဒီ၏ မျက်လုံးပြာများသည် အမြဲတမ်းအတွက် မှိတ်သွားခဲ့ကြပြီ ဖြစ်သည်။

အား...

ဒန်နရယ်၏ ကျယ်လောင်စွာ နာကျင်အော်ဟစ်သံသည် လောကကြီးတစ်ခုလုံးကို ဖုံးကွယ်သွားသလို ပြင်းထန်လွန်းနေသည်။ ဖရက်ဒီ၏ နှလုံးသားတွင် စိုက်ဝင်နေသော ရွှေဓါးမြှောင်မှ သူ့လက်ကို မမြင်ရသော အားအင်တစ်ခုဖြင့် ဆွဲကပ်ထားသလို ခွာ၍မရနိုင်။ ထိုဓါးမြှောင်၏ ဆွဲငင်မှုနောက်မှ မမြင်ရသည့် စွမ်းအားတန်ခိုးများသည် ဒန်နရယ်၏ကိုယ်တွင်းသို့ ကြမ်းတမ်းသောလှိုင်းလုံးများပမာ တိုးဝင်လာနေသည်။

မည်းနက်နေသော ဒန်နရယ်၏ ဆံပင်ရှည်များသည် ဖြောင့်စင်းတောက်ပသော ရွှေဝါရောင်သို့ ပြောင်းလာနေပြီဖြစ်သည်။ ကြည်လင်သော သွေးကြောများသည် တွန်းတိုက်ဝင်လာသော တန်ခိုးများကြောင့် ပေါက်ကွဲထွက်တော့မည်ကဲ့သို့ စိမ်းပြာလာနေကြသည်။ မျက်ရည်များ အတားအဆီးမရှိ စီးကျလာနေသော အညိုရောင်မျက်လုံးများသည် ကြည်လဲ့သောအပြာရောင်သို့ ပြောင်းလာခဲ့ပြီဖြစ်သည်။

ဒန်နရယ်၏ မျက်စိရှေ့တွင် မြောက်မြားလှသော အဖြစ်အပျက်များ၊ အကြားအမြင်များသည် ရှုပ်ထွေးပွရှုပ်နေသော ပဟေဌိအပိုင်းအစပေါင်းများစွာလို ရောယှက်ပေါ်လာနေသည်။ ဒန်နရယ်၏ စိတ်ဝိညာဉ်သည် ဖရက်ဒီ၏ အတွေးများ၊ အဖြစ်အပျက်များအတွင်း ဝင်ရောက်လာခဲ့သည်။ ဖရက်ဒီ့နေရာတွင် သူကိုယ်တိုင်ရှိနေသလို ခံစားလာရကာ ဖရက်ဒီ့ဘဝ၏ အဖြစ်အပျက်များသည် တစ်ခုပြီးတစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

ချက်ချင်းလိုလို ဖရက်ဒီ ငယ်ရွယ်စဉ်က နေခဲ့သော မီးတောင်ကြီး၏ မည်းမှောင်သော ကျောက်ဂူတစ်ခုထဲသို့ ဒန်နရယ် ရောက်ရှိနေသလို ခံစားလာရသည်။ သူ့ဘေးတွင် ရက်စက်သော မျက်လုံးများဖြင့် ငုံ့ကြည့်နေသော စေတန်နတ်။

Black AngelWhere stories live. Discover now