ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 16
Chapter 1 (တောင်တန်း နှင့် မြစ်ပြင် တို့၏ လင်းလက်နေသော ငွေလ အင်းကွက် ပန်းချီကား)အနက်ရောင် ၀တ်စုံ၀တ် အင်ပါယာပြည့်ရှင်ကြီးက ကောင်းကင်အလင်း နန်းတော်ကြီးရဲ့ အမြင့်ဆုံးနေရာက ခန်းမကျယ်ကြီးထဲမှာ ရှိနေပါတယ်။
“ချီဘုရင်…”“အရှင်မင်းမြတ်…”
ချီဘုရင် ဆက်ချင်းပဲ ဖြေကြားလိုက်ပါတယ်။“ပြိုင်ပွဲစည်းကမ်းတွေကို ကြေညာပေးလိုက်တော့။”
အင်ပါယာပြည့်ရှင် ညွှန်ကြားလိုက်ပါတယ်။“အမိန့်အတိုင်းပါ အရှင်…”
ချီဘုရင်လည်း ခန်းမကျယ်ကြီးကနေ ချက်ခြင်း ပျံသန်းထွက်ခွာသွားပါတော့တယ်။ တိမ်တွေအထက်မှာ သူမတ်တပ်ရပ်လိုက်ပြီးတော့ အော်ပြောလိုက်တဲ့အခါမှာ သူ့အသံဟာ ကောင်းကင်ဘုံတခွင် ပဲ့တင်သံထပ် ထွက်ပေါ်လာပါတော့တယ်။
“ဒီအင်မော်တယ် ကံကြမ္မာပြိုင်ပွဲမှာ ၀င်ပြိုင်မဲ့လူ စုစုပေါင်း ၁၀၉၃၆၂ ဦးရှိတယ်။”သူ့အသံဟာ ကြည်လင်ပြတ်သားစွာနဲ့ ထွက်ပေါ်လို့နေပါတယ်။ အောက်မှာ ရှိနေတဲ့ ပြိုင်ပွဲ၀င်မဲ့ ၀မ်၇ှင်းသူတေ်ာစင်တွေနဲ့ ဧည့်ပရိတ်သတ်များစွာဟာ သေချာနားထောင်နေလို့ပါ။
“ပြိုင်ပွဲ၀င်က ၁၀၉၀၀၀ တောင်ကျော်တယ်လား….။”
နင်ရဲ့ မျက်ခုံးပင့်လိုက်မိပါတယ်။ ဒီလူအရေအတွက် အတိအကျကို သူ့ရဲ့ နတ်ဘုရား စိတ်အာရုံနဲ့ ဖြန့်ကျက်ပြီး သေချာရေတွက်လို့ရပါတယ်။ ဒါပေမဲ့ တော်၀င်ရှ အင်ပါရီယာ နန်းတော်ကြီးထဲမှာ ဘယ်သူကမှ အရဲစွန့်ပြီး နတ်ဘုရား စိတ်အာရုံကို မဖြန့်ကျက်ရဲပါဘူး။ကောင်းကင်ထက်ကနေ ကြည်လင်တဲ့အသံ ဆက်ပြီးထွက်ပေါ်လို့နေပါတယ်။
“၀မ်ရှင်းသူတော်စင်အားလုံးပဲ… မင်းတို့အားလုံး တစ်ယောက်ကို ဆွဲပြားတစ်ခုရလိမ့်မယ်။ အင်ပါရီယာ ပြည့်ရှင်မင်းမြတ် အသုံးပြုတဲ့ တောင်တန်းနှင့် မြစ်ပြင်တို့၏ လင်းလက်နေသောငွေလအင်းကွက် မှော်ရတနာထဲ အားလုံး၀င်သွားကြရမယ်။ ဒီပန်းချီကားက ကြယ်တာရာတွေကို သယ်ဆောင်ထားနိုင်တယ်။ မိုးကောင်းကင်နဲ့ မြေကမ္ဘာကိုသယ်ဆောင်ထားပြီးတော့ အနှောင်အဖွဲ့ကင်းတဲ့ ကမ္ဘာတစ်ခု ရှိနေတယ်။ တောင်တန်းနှင့် မြစ်ပြင်တို့၏ လင်းလက်နေသောငွေလအင်းကွက်ထဲမှာ ဘယ်တစ်ယောက်ရဲ့ ဆွဲပြားကိုမဆို တိုက်ခိုက်လုယူခွင့်ရှိတယ်။ တကယ်လို့များ မင်းတို့တွေ တယောက်ယောက်ကို မနိုင်နိုင်ဘူးထင်မိတာနဲ့ ဆွဲပြားကို လွှင့်ပစ်လိုက်လို့ရတယ်။ ဒါဆို မင်းတို့တွေ အင်းကွက်ပန်းချီကားအပြင်ကို ချက်ခြင်းရောက်လာလိမ့်မယ်။ မင်းတို့ ပြိုင်ပွဲမှာ ရှုံးနိမ့်သွားပေမဲ့လည်း အသက်ရှင်လျက်တော့ နေခွင့်ရှိသေးတယ်လေ။”
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda