ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 17
Chapter 17 (အဆန်းကျယ်ဆုံးသော တာအိုဖခင်..)၀တ်စုံဖြူ၀တ်လူငယ်လေးလည်း ရယ်မောပြောဆိုလိုက်ပါတယ်။
“သူငယ်ချင်းလေးဂျိနင်.. မင်းအရမ်း စိတ်လှုပ်ရှားနေသေးတယ်။ ငါ့ကိုဘယ်သူလဲဆိုတာတောင် မသိသေးပဲနဲ့ ဒီကိုဘာလာလုပ်တာလည်းလို့ မေးခဲ့တယ်နော်။ မင်မလောလွန်းဘူးလားကွ..။”နင်လည်း တီးတိုးရေရွတ်မိလိုက်ပါတယ်။ သူစိတ်လှုပ်ရှားနေလား..။ သန့်စင်သောယန် အစစ်အမှန်အင်မော်တယ်က သူ့အရှေ့မှာ လာထိုင်နေတာလေ။ သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားပဲ နေရမှာလည်း။ ဒီပြိုင်ပွဲကနေ နင်သိလာခဲ့တာကတော့ သန့်စင်သောယန် အင်မော်တယ်တွေနဲ့ အင်ပါရီယာ နတ်ဘုရားတွေဟာ ကိုယ့်ကို သဘောမကျဘူးဆိုရင် နည်းနည်းလေးမှတောင် ဂရုမစိုက်တော့တာပါ။ ဘယ်လောက်တောင် ထူးချွန်တဲ့ ပါရမီရှင် ဖြစ်ပါစေပေါ့…။ ပြောရရင် များပြားလွန်းတဲ့ ပါရမီရှင်တွေထဲမှာ ဘယ်သူကများ မိုးကောင်းကင်ရဲ့ စစ်ဆေးစမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးတော့ ကောင်းကင်အင်မော်တယ် ဖြစ်လာခဲ့လို့လည်း။ သန့်စင်သောယန် အင်မော်တယ် ဖြစ်လာတာဆို ပိုတောင် ရှားသေး။
“ဆရာကြီးကို ဘယ်သူလဲဆိုတာ သိခွင့်ရှိမလားခင်ဗျာ…”
နင်က မေးလိုက်ပါတော့တယ်။“လောကသုံးပါးရဲ့ အပူအပင်မဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး… မူလ ပျက်စီးမှု ကမ္ဘာခေတ်မှာ မွေးဖွားခဲ့တယ်.. ဒီမှာ ငါ့ရဲ့ တာအိုကို ရခဲ့တာ..။ ငါက .. သခင်ကြီး ကျန်းပဲ။”
၀တ်စုံဖြူ၀တ် လူငယ်လေးက သက်ပြင်းချပြီး ပြောလိုက်ပါတယ်။
“ငါက အပြင်လောကို ထွက်လာခဲ့တယ်လေ။ ငါ့ရဲ့ နာမည်ရင်းကိုတောင် သုံးချင်မှ သုံးတာ..။ ဒါကြောင့် ငါ့ကို သိတဲ့လူရယ်ဆိုလို့ လက်တစ်ဆုပ်စာလောက်ပဲရှိလိမ့်မယ်။”နင်ကို သူမျက်ခုံးပင့်ကြည့်လိုက်ပြီးတော့
“မင်းကို ငါ့ရဲ့ နာမည်အရင်း ပြောပြပြီးပြီ။”နင်လည်း နည်းနည်းတော့ စိတ်သက်သာရာ ရသွားခဲ့ပါပြီ။ ဒီလူက ဒုက္ခပေးဖို့ ရောက်လာတာ မဟုတ်ဘူးလေ။
“ပြီးတော့ ငါ့ကို ဆရာကြီး ဆရာကြီးခေါ်မနေစမ်းပါနဲ့။ ငါ့ကို အကိုကြီး ကျန်းလို့ ခေါ်စမ်းပါ။”
၀တ်စုံဖြူ၀တ် သခင်ကြီး ကျန်းက ပြောလိုက်ပါတယ်။
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda