Book 17 Chp 2

66 10 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 17 
Chapter 2 (၀တုတ်လေးနှင့် သူတော်စင် သေခြင်းကိုးပါး)

ဂျိနင်တို့ ၁၂ ယောက်လုံး တောင်တန်းနှင့်မြစ်ပြင်တို့၏ လင်းလက်သောလမင်း အင်းကွက်ပန်းချီကားထဲမှာ ကြာပန်းသဏ္ဍန်ထိုင်ပြီး ကျင့်ကြံအားထုတ်နေကြလို့ပါ။ အင်ပါရီယာ နန်းတော်ရဲ့ စင်မြင့်ထက်…

နာမည် ၁၂ခုက စကားပြောဆိုမှုတိုင်းမှာ ပါလို့နေပါတယ်။ နာမည်တွေကတော့.. ရှမင်ဇီရှန်၊ ချန်းဝူကျူး၊ ဂျိနင်၊ ၀တုတ်လေး၊ မီးလျှံငယ်ကျန်း၊ သူတော်စင် ဝုပတ်၊ သူတော်စင် ကျောက်တုံးနက်၊ သူတော်စင် ကြယ်တာရာ၊ သူတော်စင် သေခြင်းကိုးပါး၊ သူတော်စင် နဂါးဖြူ၊ သူတော်စင် မူလကျော၊ သူတော်စင် ရွှေကျီးကန်း တို့ပါပဲ။

“ထိပ်ဆုံး ၁၂ဦးကို ရွေးချယ်ပြီးသွားပြီ။”

“ငါတို့ တောင်ပင်လယ်က သူတော်စင် ဝုပတ်”

“ငါတို့ မြောက်ပင်လယ်က သူတော်စင်ရွှေကျီးကန်း…”

“ငါတို့ ချူချန်း ပြည်နယ်ကြီးက သူတော်စင် နဂါးဖြူကွ…”

“မင်းတို့က ဘာမှ မဟုတ်သေးဘူး။ ငါတို့ စတေးဝါးတား ပြည်နယ်ကနေ နှစ်ယောက်တောင် ပါတယ်ကွ။ ဂျိနင်နဲ့ ၀တုတ်လေးလေ။”

နောက်ဆုံး ၁၂ ဦးက ၃၆၀၀ သော ပြည်နယ်ကြီးတွေနဲ့ ပင်လယ်ကြီး လေးခုက ထွက်ပေါ်လာခဲ့တာပါ။ နှစ်ဦးက စတေးဝါးတားပြည်နယ် အဖြူအနက်ကောလိပ်ကပါ။

အင်မော်တယ် အရူးမီးတောက်မျက်နှာလည်း ပြုံးရွှင် ချိုမြိန်နေလို့ပါ။ အရက်ကို သူ ၀မ်းသာအားရ တစ်ကြိုက်ပြီးတစ်ကြိုက် သောက်လို့နေပြီး နတ်ဘုရားစိတ်အာရုံနဲ့ ဆက်သွယ်စကားပြောဆိုနေပါတယ်။

“အိုး.. မင်းက ခမ်းနားသော သားရဲကောင်ကျောင်းတော်က ခေါင်းဆောင်လား.. ဟားဟား.. အေး ..ငါ အရူးမီတောက်ကွ။ အေး.. ဂျိနင်နဲ့ ၀တုတ်လေးက အဖြူအနက်ကောလိပ်ကပေ့ါဟ။ ရိုးရိုးသားသား၀န်ခံရင် ငါတို့ အဖြူအနက်ကောလိပ်က ယုဝေလည်း အဆိပ်မိသွားလို့သာပေါ့။ နို့မို့ဆိုရင် သူမက ၉၆ ဦးထဲ စာရင်း၀င်မှာ။ ထိပ်ဆုံး ၁၂ဦးထဲတောင်မှ သူမ ပါချင်ပါ၀င်လာမှာနော်။ ဘာလဲ..။ အမင်းက ငါတို့ အဖြူအနက်ကောလိပ်က တပည့်တွေနဲ့ သိခွင့်ရချင်လို့လား။ ဟင်.. အဖြူအနက်ကောလိပ်ရဲ့ အဖြူအနက်အင်းကွက်ကိုလည်း လာပြီလေ့လာချင်တယ်လား..။ ကောင်းတာပေါ့။ ကိစ္စမရှိပါဘူး။ ငါတို့အဖြူအနက်ကောလိပ်က တပည့်တချို့ကိုလည်း မင်းတို့ရဲ့ သားရဲတစ်သောင်းကောင်ကို လေ့လာဖို့လွှတ်လိုက်မယ်နော်။”

ဂျိနင် Book 16 & 17 & 18 & 19 & 20Donde viven las historias. Descúbrelo ahora