Book 19 Chp 9

63 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 19 
Chapter 9 (မြစ်စွယ်တောင်သို့ပြန်လာခြင်း)

ဝေါ ဝေါ…

ဂျိနင်ရဲ့ရင်၀ကို ထိပ်တန်းအဆင့် အင်မော်တယ် ဓားပျံတွေ ဆက်တိုက်ဆိုသလို ထိုးစိုက်လို့ လာခဲ့့ပါတယ်။ ဒါပေမဲ့လည်း ဒဏ်ရာလေး တစ်ချက်တောင် မထင်ကျန်ခဲ့ပါဘူး။ ဒါပေမဲ့ ဓားချက်ကြောင့်တော့ အနောက်ကို သူလွင်စဉ်လို့တော့ သွားပြီး မူလနေရာကိုတော့ ပြန်ပြန်လျှောက်လာရပါတယ်။

“မိုးကောင်းကင်ထွန်ခြစ် - ရေနက်မျဉ်းတန်း”

အနက်ရောင် ၀တ်စုံ၀တ် နင်ဟာ မိုးကောင်းကင်ထွန်ခြစ် ဓားသိုင်းရဲ့ အပြင်းထန်ဆုံးသော ဓားကွက်ကို ထုတ်သုံးလိုက်ပါတယ်။ ဓားအလင်းဟာ လေကို ထိုးခွဲပြီး ထွက်ပေါ်လို့ လာခဲ့ပါတယ်။ ဓားအလင်းဟာ မြစ်တစ်ခုအလားပါ…။ ပုံရိပ်ယောင် မြစ်ပြင်ကြီးဟာ ပင်လယ်ကြီးတစ်ခုထဲကိုစီးဆင်းလို့သွားပြီး အနက်ရောင် ရေဝဲကြီးတစ်ခုအဖြစ် အဆုံးသတ်သွားခဲ့ပါတယ်။

ဒီလိုအနက်ရောင်ရေဝဲကြီးဟာ နင်ရဲ့ ရင်၀ကို ဆက်တိုက် ထိုးစိုက်တိုက်ခိုက်နေတဲ့ မိုးကောင်းကင်ထွန်ခြစ် ဓားကြီး ကိုးချောင်းကို  ကိုယ်စားပြုပါတယ်။

၀ုန်း

ဒီတစ်ခေါက်တော့ သူ့ရဲ့ မူလခန္ဓာကိုယ်ဟာ လွင့်စဉ်ရုံမကပဲ အနောက်မှာ ရှိနေတဲ့ နံရံကြီးကို ရိုက်မိပြီးတော့ ရပ်တန့်လို့သွားပါတယ်။ ဒါပမဲ့ နင်က လက်နဲ့ နံရံကို ထိန်းလိုက်ပြီတော့ ဟန်ချက်ထိန်းပြီး မြေပြင်ထက်ကို ဆင်းလာခဲ့ပါတယ်။

နင်လည်း ခေါင်းငုံ့ကြည့်လိုက်ပါတယ်။ သူ့ရဲ့ ရင်၀ အရေပြားဟာ နည်းနည်းကလေးမှကို ထိခိုက်မှု မရှိခဲ့ပါဘူး။

“ဘယ်လောက်တောင် စွမ်းလိုက်လဲ…ဘယ်လောက်တောင် စွမ်းလိုက်လဲ…”
နင်အရမ်းကို ၀မ်းသာပျော်ရွှင်လို့သွားပါတယ်။ တော်၀င်ရှအင်ပါယာကနေ နှစ်ပေါင်းများစွာထွက်လာခဲ့တဲ့ အဓိက အကြောင်းအရင်းကလည်း အစွမ်းထက်တဲ့ နတ်ဘုရားသိုင်း တစ်ခုခု သင်ယူဖို့ပါ။ အခု သူတတ်မြောက်သွားခဲ့ပြီလေ။

၈၉ပါး လျှို့ဝှက် နတ်သိုင်းက လောကသုံးပါးတခွင်မှာတော့ အစစ်အမှန် နတ်ဘုးအောက် အဆင့်မှာ တကယ့်ကို ပြိုင်ဘက်ကင်းပါ။ လောကသုံးပါးရဲ့ အစွမ်းအထက်ဆုံးသော ခေါင်းဆောင်ကြီးတွေဟာ ပန်ဂုရဲ့ ခန္ဓာကိုယ်အလား ဖြစ်လာစေမဲ့  နတ်ဘုရားသိုင်းပညာကို ပူးပေါင်းတီထွင်ခဲ့ကြတာပါ။ သူတို့တွေအနေနဲ့ ၁၂ ခုမြောက် စက်ဝုိင်းအထိကို မတီထွင်နိုင်ပေမဲ့လည်း… န၀မမြောက် စက်ဝိုင်းမှာတင်ကို အံ့မခန်း အစွမ်းထက်နေပါပြီ။

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now