Book 17 Chp 7

64 9 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 17 
Chapter 7 (ဂျိနင် ပါ၀င်လာပြီ)

“ဘယ်သူ နိုင်လည်း ရှုံးမလည်းကပြောရခက်တယ်ဟ…”
တိုက်ပွဲကို ကြည့်လို့နေတဲ့ လူတုံပင်လည်း ပြောလိုက်ပါတယ်။
“သူတို့နှစ်ဦးက အ၇မ်းကို တူလွန်းနေတယ်။ တိုက်ခိုက်မှု ပုံစံ၊ ကြီးကျယ်ခမ်းနားမှု.. နဲ့ ရန်သူကို လွှမ်းမိုးတိုက်ခိုက်နိုင်မှုကောပေါ့..။”

“အမှန်ပဲ…”
ရှအင်ပါရီယာပြည့်ရှင်တို့ ခေါင်းညိတ်လိုက်ကြပါတယ်။ သူတော်စင် ဝုပတ်နဲ့ ၀တုတ်လေးတို့က တကယ်ကို ဆင်တူပါတယ်။ ခုခံကာကွယ်မှုမှာ အရမ်းကို အစွမ်းထက်လွန်းတဲ့ သူတွေပဲလေ။

တိုက်ခိုက်မှုအရာမှာဆိုရင်ကော…။ ၀တုတ်လေးက အမြဲတမ်း လက်ဗလာပဲ အသုံးပြုပြီးတော့ ဝုပတ်ကတော့ တူကြီး ၆ ချောင်းကို အသုံးပြုပါတယ်။ တကယ်တော့ ဒီတူကြီး ၆ ချောင်းဟာ လက်ဝါးတွေထက် လက်သီးတွေထက် ပိုပြီးတော့ကို ကြီးမားပါတယ်။ သူတော်စင် ဝုပတ်အနေနဲ့ မဟာအမှောင်လိပ် နတ်ဘုရား သိုင်းပညာကို ကျင့်ကြံထားခြင်း မရှိတာကြောင့် လက်သီးလက်ဝါးကို  အသုံးပြုပြီး ၀တုတ်လေးကို ရင်မဆိုင်ရဲခဲ့ပါဘူး။ ၀တုတ်လေးရဲ့ လက်သီးချက်တွေဟာလည်း တူကြီးတွေလိုပဲ အစွမ်းထက်လှပါတယ်။

၀ုန်း.. ဝုန်း … ဝုန်း

တစ်ခုနဲ့တစ်ခု ဆက်တိုက်ကို ရင်ဆိုင်တွေ့သွားခဲ့ပါပြီ။ ၀တုတ်လေးရဲ့ တိုက်ခိုက်မှု လှိုင်းလုံးတွေဟာ တဖြည်းဖြည်း အင်အားကြီးမားလို့ လာခဲ့ပါပြီ။ သူတော်စင် ဝုပတ်ကလည်း အလွန့်ကို ကြံ့ခိုင်သူ တစ်ဦးပါ။ သူ့ရဲ့ လက်ခြောက်ဖက်ထဲမှ ကိုင်ဆွဲထားတဲ့ တူကြီးတွေနဲ့ ဆက်တိုက်ကို မရပ်မနား တန်ပြန်တိုက်ခိုက်လိုက်ပါတယ်။

တူကြီးတွေနဲက လက်သီးတွေ…

“သူတို့က တကယ့်ကို ပုံစံတူတာပဲ…”
ဂျိနင်တီးတိုးရေရွတ်လိုက်ပါတယ်။
“အကိုကြီးနဲ့ ဝုပတ် နှစ်ဦးလုံးရဲ့ တိုက်ခိုက်ပုံက  တကယ့်ကို အရှိန်အဝါ ပြင်းထန်လွန်းတယ်။ သူတို့တိုက်ခိုက်မှုတွေ ပြင်းထန်လာလေလေ ခုခံဖို့က ပိုပြီးခက်လာလေလေပဲ။”

နှစ်ဦးလုံးက ခုခံကာကွယ်ရာမှာလည်း အလွန်ကို အစွမ်းလွန်းတဲ့အတွက် ပြိုင်ဘက်ကို တည့်တိုးပဲ ရင်ဆိုင်ခဲ့ကြပါတယ်။ သူတို့ကို ရင်ဆိုင်ရတဲ့တခြားလူတွေဆိုရင်တော့ နတ်ဘုရားစွမ်းအင် ကုန်ခမ်းသွားပြီး ၇ှုံးနိမ့်သွားလောက်ပါပြီ။

ဂျိနင် Book 16 & 17 & 18 & 19 & 20Donde viven las historias. Descúbrelo ahora