Book 16 Chp 18

62 9 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 16 
Chapter 18 (တာအိုတန်ခိုးရှင် အသက်သုံးချောင်းနှင့် တာအိုဖခင်ကြီး သွေးနီ)

“မင်းအနေနဲ့ ဒီမှာ သေဆုံးသွားရရင်တောင်မှ ပြန်လည်မွေးဖွားလာရင် မီးလျှံငယ်ကလန်ထဲမှာပဲ ဖြစ်စေဖို့ ငါအာမခံတယ်။ ငါမင်းကို တပည့်အဖြစ်လက်ခံပေးမယ်။”
ဂိုဏ်းချုပ်ကြီးအာကေနမ်က မီးလျှံငယ်ကျန်းကိုကြည့်လိုက်ပြီးတော့
“ကျန်းကလေးငယ်လေး…. ဒီအခွင့်အရေးက အရမ်းကို ရှားပါးတဲ့အခွင့်အရေးပဲလေ။ မင်းရအောင် ကြိုးစားရမယ်။”

ကျန်းလည်း ဂိုဏ်းချုပ်ကြီးအာကေနမ်ရဲ့ စိတ်ဆန္ဒကို ခံစားမိပါတယ်။ ဒီကိစ္စက အရမ်းကို အရေးကြီးတယ်ဆိုတာကို သူနားလည်ခဲ့ပါပြီ။

“မင်းအောင်မြင်သွားရင်.. အင်ပါရီယာပြည့်ရှင်မင်းမြတ်ရဲ့အဆင့်လောက်ရှိတဲ့ တန်ခိုးရှင်တစ်ဦးဖြစ်လာမှာ။ အင်ပါရီယာပြည့်ရှင်ဖြစ်လာလိမ်မယ်။”
ဂိုဏ်းချုပ်ကြီးအာကေနမ် ပြောလိုက်ပါတယ်။

ကျန်းလည်း အလေးအနက်ထားပြီး ခေါင်းညိတ်ပြလိုက်ပါတော့တယ်။

မင်းက မိုးကောင်းကင်ရဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ကျော်ဖြတ်ပြီး ကောင်းကင်အင်မော်တယ် ဖြစ်လာဖို့ ပြန်မွေးဖွားလာခဲ့တာ ကိုးကြိမ်ရှိခဲ့ပြီ။ ကောင်းကင်အင်မေ်ာတယ် ဖြစ်ဖို့ဆိုတာက အရမ်း အရမ်းကိုခက်ခဲလွန်းတယ်။ မင်းရဲ့ နောက်ဆုံး အဖြေကတော့ သေဖို့ပဲ ကျိန်းသေနေပြီ။ ကောင်မလေး.. မင်းသာ တာအိုဖခင်ကြီး သွေးနီရဲ့ တပည့်ဖြစ်လာခဲ့ရင်တော့ ကောင်းကင်အင်မော်တယ် ဖြစ်ဖို့အတွက် ကြောက်စရာမလိုတော့ဘူးလေ။

“ကျူးကလေး… ပြိုင်ပွဲရဲ့ ထိပ်ဆုံး သုံးယောက်ထဲ ၀င်အောင်မင်းကြိုးစားရမယ်။ ငါတို့ချန်းဝူကလန်က တော်၀င်ရှအင်ပါယာမှာ ထိပ်ဆုံးဆိုတဲ့ အဆင့်ကို ရောက်နေပေမဲ့လည်း … ဒါက ငါတို့ရဲ့ နောက်ဆုံးဆောင်ရွက်နိုင်စွမ်းပဲ။ တော်၀င်ရှအင်ပါရီယာကလန်အနေနဲ့ ငါတို့တွေ ဆက်ပြီးအင်အားကြီးထွားလာဖို့ကို ခွင့်ပြုပေးမှာ မဟုတ်ဘူး။ ငါတို့ချန်းဝူကလန်ကနေ သန့်စင်သောယန် အစစ်အမှန်အင်မော်တယ် ထပ်ပြီးထွက်ပေါ်လာရင်တော့ တမျိုးပေါ့လေ။ ဒါပေမဲ့ ဒါက အရမ်းကိုခက်ခဲလွန်းတယ်။ ဒါပေမဲ့ မင်းအခု ဒီအခွင့်အရေးရနေပြီလေ။ ဒီအခွင့်အရေးကို ရအောင်ကြိုးစားရမယ်။”

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now