Book 19 Chp 14

58 8 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 19 
Chapter 14 (ဆရာ့ရဲ့ အရိပ်အောက်မှ ထွက်ခွာခြင်း)

မနက်မိုးသောက်

“ဆရာဦးလေး..”

“ဆရာဦးလေး..”

“ဂိုဏ်းချုပ်ကြီး..”

နှုတ်ဆက်သံတွေကို ဖြတ်ကျော်ပြီးတော့ ကြယ်သုံးလုံး လခြမ်းကွေး တဲအိမ်လေးရဲ့ ၀င်ပေါက်ကို နင်ရောက်လို့ လာခဲ့ပါပြီ။ လက်ထဲမှာ တံမြက်စည်းကို ကိုင်ထားတဲ့ နင်ဟာ တောင်တက်လမ်းကို စတင်လှည်းကျင်းပါတော့တယ်။

ရွှပ် ရွှပ်

မြေပြင်မှာ ရှိနေတဲ့ ရွက်ကြွေတွေ ရှင်းလို့သွားခဲ့ပါပြီ။

“ထူးဆန်းတယ်…”

“ဂိုဏ်းချုပ်ကြီးက တောင်တက်လမ်းကို ကိုယ်တိုင် တံမြက်စည်းလှည်းနေပါလား…။ ဒါက နတ်ဘုရား နန်းတော်ရဲ့ ပထမဆုံး ဘုံအဆင့်ရဲ့ စမ်းသပ်စစ်ဆေးမှု မဟုတ်ဘူးလား။”

“ဂိုဏ်းချုပ်ကြီးက န၀မမြောက် ဘုံနန်းကိုတောင် ၀င်ချင်သလို ၀င်ထွက်နိုင်နေတာ.. ပထမဘုံအဆင့်ကို စာဖွဲ့စရာတောင် မလိုဘူးလေ။ န၀မမြောက် ဂိုလမ်ကို သူအလွယ်တကူပဲ အနိုင်ယူနိုင်နေပြီလေ။”

“ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးက တောင်တက်လမ်းကို ကိုယ်တိုင် လှည်းကျင်းနေတယ်နော်… ငါတို့ မြင်နေတာ ဖြစ်ရပ်မှန်ပဲလား..။”

“ဖြစ်နိုင်တယ်.. ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးက တရားတခုခုကို ကျင့်ကြံနေတာလည်း ဖြစ်နိုင်တယ်။”

၀င်ပေါက်ကို စောင့်လို့နေတဲ့ အစောင့်အရှောက် နှစ်ယောက်က နင်ကို တအံ့တသြ ကြည့်လို့ နေမိပါတယ်။ တစ်ဦးနဲ့ တစ်ဦး စိတ်နဲ့ ဒီအကြောင်းကို စိတ်၀င်တစားပြောမိနေကြလို့ပါ။ သိပ်မကြာခင်မှာပဲ သတင်းစကား  ပြန့်သွားခဲ့ပြီး အတွင်းစိတ်နှလုံးသားတောင်ရဲ့ တပည့်အားလုံး ဒီအကြောင်းကို သိလို့သွားခဲ့ကြပါပြီ။

….

နင်က အရမ်းကို အေးဆေးတည်ငြိမ်နေဆဲပါ။ ခေါင်းကိုငုံ့ပြီးတော့ သူတံမြက်စည်းကို လှည်းလို့ နေခဲ့ပါတယ်။ တံမြက်စည်း တစ်ချက်လှည်းလိုက်တိုင်းမှာ သူ့ရဲ့ စိတ်ဝိညာဉ်ပါ တစ်ချက် သန့်ရှင်းသွားသလိုပါပဲ…။

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now