Book 19 Chp 19

69 6 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 19 
Chapter 19 (တော်၀င်ရှ အင်ပါယာရဲ့ နံပါတ်တစ် ကြေးစား လူသတ်သမား အဖွဲ့အစည်း)

မဟာတောင်ထိပ်ကြီးတစ်ခုမှာတော့.. ရှေးခေတ်ဟောင်းရဲ့ မိုးထိအောင်ထိုးနေတဲ့ မျှော်စင်ကြီး တစ်ခု ရှိနေပါတယ်။

မီးခိုးရောင် ၀တ်စုံကို  ၀တ်ဆင်လို့ထားတဲ့ လူရိပ်တစ်ခုက အလင်းတန်းအလား အမြန်ဆုံးကို ပျံသန်းလာနေလို့ပါ။

အဆောက်အဦးမြင့်ကြီးရဲ့ ၀င်ပေါက်ကို အနက်ရောင် ချပ်၀တ်တန်ဆာ၀တ် အစောင့်နှစ်ဦး စောင့်နေလို့ပါ။ သူတို့က လက်ကိုဆန့်ထုတ်ပြီးတော့ တားမြစ်လိုက်ပြီး
“ဒါက တားမြစ်နယ်မြေပဲ..။ အခွင့်မရှိ မ၀င်ရ။”

“ငါက ကလန်ခေါင်းဆောင်ကြီး အမိန့်အရ လာခဲ့တာပဲ။ ဂိုဏ်းချုပ်ကြီးကို အရေးကြီးသတင်းတစ်ခု တင်ပြစရာရှိတယ်။”
မီးခိုးရောင် ၀တ်စုံနဲ့ လူကြီးက သားရေစာလိပ်တစ်ခုကို ကမ်းပေးလိုက်ပါတော့တယ်။

“အင်း…”
အစောင့်တစ်ဦးက စာလိပ်ကို လက်ခံလိုက်ပြီး မျှော်စင်ကြီးထဲ ၀င်လို့သွားခဲ့ပါပြီ။ မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့ လူကြီးလည်း တိတ်တဆိတ်ပဲ ထွက်ခွာလို့ သွားပါတော့တယ်။

ပထမဆုံးအထပ်မှာတော့ အရပ်မြင့်မြင့် ပ်ိန်ပိန်ရှည်ရှည် လူကြီးတစ်ဦး ကြာပန်းသဏ္ဌာန် ထိုင်ပြီးတော့ တရားကျင့်နေလို့ပါ။ သူကတော့ မီးလျှံငယ်ကလန်က ကောင်းကင်အင်မော်တယ် ဂိုဏ်းချုပ်ကြီး အာကေနမ်ပါ။

“ဂိုဏ်းချုပ်ကြီး…”
အနက်ရောင် ၀တ်စုံ၀တ် စစ်သူရဲ တစ်ဦး ၀င်လို့လာပြီးတော့ လက်နှစ်ဖက်နဲ့ သားရေစာလိပ်ကို ဆက်သလိုက်ပါတော့တယ်။

ဂိုဏ်းချုပ်ကြီး အာကေနမ်က မျက်လုံးကိုဖွင့်လိုက်ပြီးတော့ လက်ကို ဝှေ့ယမ်းလိုက်ပါတော့တယ်။ သားရေစာလိပ်ဟာသူ့ဆီကို ပျံသန်းလို့ သွားခဲ့ပါပြီ။
“ထွက်သွားကြတော့…။”

“ဟုတ်ကဲ့ပါခင်ဗျာ…”
အနက်ရောင် ၀တ်စုံ ၀တ်ဆင်ထားတဲ့ အစောင့်အရှောက်လည်း ချက်ချင်းကို ထွက်ခွာလို့သွားပြီး ၀င်ပေါက်မှာ သွားစောင့်နေပါတော့တယ်။ ဒီမျှော်စင်ကြီးကို သူစောင့်ကြပ်နေခဲ့တာ နှစ်ပေါင်း သန်းတစ်ရာမက ရှိခဲ့ပါပြီ။ သူ့ကိုတည်ဆောက်ပြီးကတည်းက သူ့ဘ၀တစ်လျှောက်လုံး ဒီ မျှော်စင်မှာပဲ စောင့်ရှောက်နေခဲ့တာလေ။

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now