Book 16 Chp 10

69 8 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 16 
Chapter 10 (လှိုဏ်ဂူထဲက ပလွေသံ)

ရှမင်ဇီရှန်နဲ့ နင်တို့ ရေကုန်ရေခမ်း တိုက်ခိုက်နေကြတာကို ယုဝေလည်း ေ၇မီးကြာပန်းထဲကနေ ရေခဲနဲ့မီးဇာမဏီ ငှက်ကြီးတွေကို ထိန်းချုပ်ထားရင်းက ကြည့်နေမိခဲ့ပါတယ်။ ဒီမှာပဲ ဂျိနင်က အာရုံခွဲလိုက်ပြီးတော့ ချန်ဝူကျူးကို ဓား၀င်္ဂဘာနဲ့ တိုက်ခိုက်လိုက်ပါတော့တယ်။ ယုဝေ မျက်လုံးတွေ နီရဲလို့သွားခဲ့ပါပြီ။

ဘယ်လောက် ကြာမြင့်ခဲ့ပြီလည်း…။ အခုဆို ၆ လရှိခဲ့ပြီ။ ဒီခြောက်လအတွင်းမှာ သူမနဲ့ ဂျိနင်တို့ ပန်းချီကားထဲမှာ အတူတကွ ခရီးဆက်ခဲ့ကြတယ်လေ။ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ရတယ်။ အခါတလေ ပြိုင်ဘက်တွေက ထွက်ပြေးလွတ်မြောက်သွားကြတယ်။ တခါတလေးလည်း သူတို့ပဲ လွတ်အောင် ထွက်ပြေးခဲ့ကြရတယ်။

နင်က သူမထက် အများကြီးကို ပိုပြီးအစွမ်းထက်ပါတယ်။ ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်လည်း ကျင့်ထားသူဖြစ်လို့ အချိန်တိုင်းမှာ နင်ကပဲ ရန်သူရဲ့ တိုက်ခိုက်မှုကို ကာကွယ်ပေးသလို လိုက်လံတိုက်ခိုက်တာမှာလည်း  နင်ပဲ လိုက်လံတိုက်ခိုက်ခဲ့တာပါ။ ဒီတစ်ခေါက် ရင်ဆိုင်ရတာက ရန်သူနှစ်ယောက်တည်းပေမဲ့လည်း အရင်အချိန်တွေတုန်းကနဲ့ ယှဉ်လိုက်မယ်ဆိုရင် တကယ့်ကို ကြောက်စရာအကောင်းဆုံး အခြေအနေပါပဲ။

“ဂိုဏ်းတူအမတော်.. မြန်မြန်ထွက်ပြေးတော့…။”
နင်ရဲ့အသံက ယုဝေရဲ့နားထဲမှာ ပဲ့တင်သံ ရိုက်ခတ်လို့ လာခဲ့ပါတယ်။

“သူက ငါ့ကို ထွက်ပြေးဖို့ ပြောပြန်ပြီလား…။ ထပ်ပြီးတော့ ထွက်ပြေးဖို့လား..။ ဘာဖြစ်လို့ ငါက သူ့အတွက် အမြဲတမ်း၀န်ထုပ်၀န်ပိုး ဖြစ်နေခဲ့တာလည်း။”
ယုဝေအံကို တင်းတင်းကြိတ်လိုက်ပါတယ်။ မျက်လုံးမှာတော့ မျက်ရည်စတွေနဲ့ပါ။ သူမလည်း စိတ်နဲ့ပြန်ပြီးတော့ဆက်သွယ်လိုက်ပါတယ်။
“ဂိုဏ်းတူမောင်လေး.. အမအတွက် စိတ်ပူမနေနဲ့တော့…။ အမက ရှေ့ဆက်ဖို့အတွက် လုံလောက်အောင်ကြံ့ခိုင်မှု မရှိခဲ့ဘူးလေ။ နောက်ဆိုရင် မောင်လေး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါကွယ်။”

ဂျိနင် Book 16 & 17 & 18 & 19 & 20Donde viven las historias. Descúbrelo ahora