ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 20
Chapter 5 (မဟာပေးဆပ်မှုကြီး လေးပါး)“ဂျိနင်.. မင်းရောက်လာပြီဆိုတော့ကာ.. လူစုံပြီပေါ့..။ ဒါဆို ကပ်ဘေးတွေကို ရင်ဆိုင်မဲ့ နယ်မြေကိုဒီညသွားကြစို့..။”
အင်မော်တယ် ဒန်ချိုင်က ပြောလိုက်ပါတယ်။နင်နဲ့ အင်မော်တယ် အရူးမီးတောက်တို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးတော့ ခေါင်းညိတ်လိုက်ကြပါတယ်။
“ကောင်းသားပဲ.. ဒီည သွားကြတာပေါ့..။”ဒီ ကပ်ဘေးကို ရင်ဆိုင်တာက ထိပ်တန်းလျှို့ဝှက်ချက်ပါ။ နင်တို့အားလုံး သတိမပေ့ါရဲကြပါဘူး။ သာမန် အခြေအနေမှာတောင်မှ.. မိုးကောင်းကင်ရဲ့ စစ်ဆေးစမ်းသပ်မှုကို ကျော်ဖြတ်ဖို့အတွက် အများကြီးကို သတိထားကြရတယ်လေ။ ဒါပေမဲ့ အခုလို လောကသုံးပါး တခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်နေတဲ့အခြေအနေမှာဆို…. နင်တို့အားလုံး အရင်ကထက်ကို ပိုပြီး သတိထားမှ ဖြစ်မှာပါ။
သန်းခေါင်းယံ အချိန်…
အင်မော်တယ် ဒန်ချိုင်၊ အင်မော်တယ် အရူးမီးတောက်၊ ဂျိနင် နဲ့ ရေမြေခွေးဖြူကြီးတို့ စကြ၀ဠာ ခုန်ကျော်ခြင်း အစွမ်းကို အသုံးပြုပြီးစတေးဝါးတား မြို့တော်ကနေ ထွက်ခွာသွားကြပါတော့တယ်။
…
ကျယ်ပြောလှတဲ့ ပင်လယ်ကြီးတစ်ခုရဲ့ အထက်ကောင်းကင်ယံမှာတော့ လေဟာနယ် အက်ကွဲကြောင်းတွေ ထွက်ပေါ်လို့ လာခဲ့ပါပြီ။ လူရိပ် ၃ ခုဟာလည်း ရေမြေခွေးဖြူကြီး တစ်ကောင်နဲ့အတူ ပေါ်လာခဲ့ပြီလေ။
“ကျွန်တော်တို့တွေ ဘယ်ရောက်နေတာလဲ..။”
နင်လည်း ပတ်၀န်းကျင်ကို အကဲခတ်ကြည့်လိုက်ပါတယ်။ အင်မော်တယ် ဒန်ချိုင်က ဒီကိုခေါ်လာခဲ့တာလေ။ နင်တောင်မှ ဘယ်နေရာကိုရောက်နေတယ်ဆိုတာ မသိဖြစ်နေခဲ့ပါတယ်။“မဟာ ဒက်နော့ ပင်လယ်ကြီးပေါ့…။”
အင်မော်တယ် ဒန်ချိုင်က ပြောလိုက်ပါတယ်။
“ကပ်ဘေးကို ရင်ဆိုင်ဖို့ ဆရာရွေးချယ်လိုက်တဲ့ နေရာကတော့ ဒက်နော့ပင်လယ်မှာ ကလေးဘ၀က ကျင်လည်ကျက်စားရင်းနဲ့ မတော်တဆ တွေ့ခဲ့ရတဲ့ ကမ္ဘာငယ်လေးတစ်ပဲလေ။ ဒီ ကမ္ဘာငယ်လေးက သီးသန့် အရမ်းကိုဆန်တယ်။ ကပ်ဘေးကို ရင်ဆိုင်ဖို့အတွက် အရမ်းကို သင့်တော်တဲ့ နယ်မြေတစ်ခုပေါ့။ ငါ့နောက်လိုက်ခဲ့ကြ…။”
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda