Book 19 Chp 15

64 7 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 19 
Chapter 15 (အိမ်ပြန်လာပြီ)

တော်၀င်ရှ ကမ္ဘာကြီး.. စတေးဝါးတား ပြည်နယ်…

တောင်ပံမြွေနဂါး ရေအိုင်ထက်မှာ လေဟာနယ် အက်ကွဲကြောင်း တစ်ခုပေါ်လို့ လာခဲ့ပါပြီ။ အထဲကနေပြီးတော့ သားမွေး၀တ်စုံ၀တ်ဆင်ထားတဲ့ လူငယ်လေးတစ်ဦးဟာ ရေမြေခွေးဖြူကြီးတစ်ကောင်နဲ့ လက်မောင်မှာ ရစ်ပတ်ခွေလို့ နေတဲ့ မြကောင်းကင်မြွေနဂါးမလေးနဲ့ အတူ ပေါ်လို့ လာခဲ့ပြီလေ။

“ငါတို့ ပြန်ရောက်လာပြီ…”
ဂျိနင်လည်း တောင်ပံမြွေနဂါး ရေအိုင်ကို ငုံ့ကြည့်နေမိပါတယ်။ သူတီးတိုးရေရွတ်လိုက်လို့ပါ..။
“ငါ.. ဒီကနေ ထွက်ခွာသွားတဲ့အချိန်တုန်းကဆို သနားစရာကောင်းတဲ့ အခြေအနေနဲ့ ထွက်ပြေးသွား၇တာ.. ဘယ်သူကမှ ငါဂျိနင်ကို မောင်းထုတ်မယ်လို့ ထပ်မစဉ်းစားနဲ့တော့…။”

သူ့ရေအိုင်နဲ့ ပိုပြီးတော့ ရင်းနှီးလာခဲ့တယ်လို့ နင်ခံစားမိနေပါတယ်။ မီးလျှံငယ်ကလန်ကြောင့်သာ မဟုတ်ခဲ့ရင်.. သူ ဘယ်တော့မှ ဒီနေရာကနေ ထွက်ခွာသွားဖြစ်မှာ မဟုတ်ပါဘူး။

ရွှစ်

ခြေတစ်လှမ်းတည်းနဲ့ တောက်ပတဲ့ နှလုံးသားကျွန်းကို နင်ရောက်လို့ သွားခဲ့ပါပြီ။

တောက်ပသော နှလုံးသားကျွန်းပေါ်က အဆောက်အဦးတွေအားလုံး ပြန်ပြင်ဆောက်လို့ ပြီးသွားခဲ့ပါပြီ။ အစောင့်အရှောက်အချို့လည်း ရှိနေလို့ပါ။ သဲမြေပြင်မှာ သူ လျှောက်လှမ်းရင်းနဲ့ အရာအားလုံးကို ငေးမောကြည့်နေမိပါတယ်။ သူ့ရဲ့ နတ်ဘုရား စိတ်အာရုံကတော့ တစ်ကျွန်းလုံးကို အစောကြီးကတည်းက လွှမ်းခြုံထားခဲ့ပြီးပြီလေ။

“ငါထွက်ပြေးတဲ့အချိန်တုန်းက.. တောက်ပသော နှလုံးသားကျွန်းတစ်ခုလုံးကို မီးလျှံငယ်ကလန်က မြေလှန်လိုက်ခဲ့တယ်။ အခုတော့ အရင်တုန်းကလိုပဲ ပြန်ပြီးတည်ဆောက်ထားနိုင်ခဲ့ပြီပဲ..။ ဒါပေမဲ့ ဒီမှာ ငါမှတ်မိတဲ့ သူလည်း တစ်ယောက်မှ ရှိမနေပါလား…။”

“အစ်မကြီးဆောင်းဦးသစ်ရွက်လည်း ဓားတစ်သောင်းမြို့တော်မှာ ရှိနေတုန်းထင်တယ်။”

ဂျိနင် Book 16 & 17 & 18 & 19 & 20Tempat cerita menjadi hidup. Temukan sekarang