ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 16
Chapter 7 (ဆက်တိုက် အဆင့်တက်ခြင်း)ရှအင်ပါရီယာပြည့်ရှင်၊ လောကအရှင် ဟောင် နဲ့ သန့်စင်သောယန် အစစ်အမှန်အင်မော်တယ်တွေအားလုံးလည်း ကောင်းကင်ထက်က ပန်းချီကားကြီးကို စိုက်ကြည့်နေမိကြပါတယ်။ ၀တုတ်လေးကို သူတို့ စိုက်ကြည့်မိနေတာပါ။ သူထုတ်သုံးလိုက်တဲ့ နတ်ဘုရားသိုင်းကတော့ မဟာမှောင်လိပ် နတ်ဘုရားသိုင်းပါ။ ဒီနတ်ဘုရားသိုင်းက သိုင်းကျမ်းမရှိပါဘူး။ အထူးပြုလုပ်ထားတဲ့ ပညာရပ်လွှဲပြောင်းခြင်နဲ့သာ လက်ဆင့်ကမ်းအမွေပေးလို့ရတဲ့ ပညာရပ်ပါ။ မဟာအင်ပါရီယာပြည့်ရှင် ရွှန်းဝူကိုယ်တိုင်သာ ပညာရပ်လွှဲပြောင်းပေးလို့ရပါတယ်။
“မဟာအင်ပါရီယာပြည့်ရှင် ရွှန်းဝူရဲ့ အသိအမှတ်ပြုမှုကို ရထားတဲ့လူ… သူက သာမန် ပုဂ္ဂိုလ် ဘယ်လိုမှ မဖြစ်နိုင်ဘူး။”
မြောက်ပိုင်းနယ်မြေရဲ့ အင်မော်တယ်အကြီးအကဲက ရယ်သွမ်းသွေးလိုက်ပြီးတော့
“ရှမင်… ဒီကောင်လေးက ဘယ်သူတုန်းဟ။ သူဘယ်ကနေ ရောက်လာရတာလည်း။”ကျန်တဲ့လူတွေအားလုံးလည်း ရှအင်ပါရီယာပြည့်ရှင်ကို လှည့်ကြည့်လိုက်ကြပါတယ်။
သိန်းဂဏန်းအရေအတွက်ရှိတဲ့ ပြိုင်ပွဲ၀င်အားလုံးရဲ့ အသေးစိတ်အချက်အလက်တွေကို ရှအင်ပါရီယာ ပြည့်ရှင် သိထားပါတယ်။ သူလည်း ဖုံးကွယ်ထားမနေပဲ ပြောပြလိုက်ပါတော့တယ်။
“ဒီကောင်လေးက အဖြူအနက်ကောလိပ်ကလေ။ အဖြူအနက်ကောလိပ်ဆိုတာက ငါ့ရဲ့ တော်၀င်ရှ အင်ပါယာထဲက စတေးဝါးတားပြည်နယ်မှာတည်ရှိတာပေါ့။ သူ့နာမည်က ကျန်းချီတဲ့… သူ့တာအိုနာမည်က ဝြခင်းသုံးပါးတဲ့…။ ဒါပေမဲ့ သူက အမြဲတမ်း ပေတိပေဖတ် ၀တ်စားတတ်လို့ သူ့ကို ဝြခင်းသုံးပါးဆိုတဲ့ နာမည်သိထားတဲ့လူ အရမ်းနည်းတယ်။ တေ်ာတေ်ာများများကတော့ သူ့ကို ၀တုတ်ပဲ ခေါ်ကြတယ်။”“၀တုတ်…။ သူ့တာအိုနာမည်က ဝြခင်းသုံးပါး..? ဒီကောင်လေးက တော်တော်ရယ်ဖို့ကောင်းတာပဲ..။”
လူတုံပင်လည်း ရယ်မောလိုက်ပါတယ်။
“ဒီလို သာမန်တာအို နာမည်ကို သူရွေးချယ်လိုက်တယ်လား။ ကြည့်ရတာ မဟာအင်ပါရီယာပြည့်ရှင် ရွှန်းဝူလည်း သူ့ရဲ့ မဟုတ်တဲ့ အချက်တွေကို သဘောကျသွားတာပဲ ဖြစ်မယ်။”
ESTÁS LEYENDO
ဂျိနင် Book 16 & 17 & 18 & 19 & 20
Ficción históricaJust For myself. It's a work of Dr-Panda