ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 20
Chapter 17 (ကောင်းကင်အင်မော်တယ်)ဂျိနင်လည်း သူ့အရှေ့က မြူတွေဝေနေတဲ့ ဂူပေါက်နက်ကို ကြည့်နေမိပြီး ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။ ဒါက သာမန် ဂူပေါက် ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူ့ရဲ့ နတ်ဘုရားစိတ်အာရုံကော မီးနဂါးမျက်လုံးကပါ မမြင်နိုင်ဖြစ်နေတာ..။ ဒါပေမဲ့ သူ့ကို ဘယ်သူက သတ်ချင်နေတာလည်းဆိုတာတော့ နင်သိချင်နေခဲ့မိပါတယ်။
“တော်၀င်ရှ ကမ္ဘာကြီးတခွင်မှာ မြေအောက် အန္တရာယ် ရေအောက် ရေစီးကြောင်းတွေ အခုလက်ရှိပြည့်နေခဲ့တာ..။ သတိထားတာ အကောင်းဆုံးပဲ..။ မသိတဲ့ နေရာကို ငါမသွားတာ အကောင်းဆုံးပေ့ါ..။”
အခုလို နင်ရဲရဲတင်းတင်း လှုပ်ရှားနေရတာကလည်း အားလုံးက သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေသေးလို့ပါ။ ဒါပေမဲ့ ဂူနက်ကြီးကိုတော့ သူလုံး၀ နားမလည်နိုင်သေးပါဘူး။၀ှစ်
ဒီနယ်မြေကနေ နင်လည်းချက်ချင်း ထွက်ခွာလာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို ၀င်္ကဘာတွေ အထပ်ထပ် ၀န်းရံထားဆဲပါ။
တောင်လေးတစ်လုံးကို နင်ရွေးချယ်လိုက်ပြီးတော့ တောင်ထိပ်မှာ ကြာပန်းသဏ္ဌာန် သူထိုင်နေလိုက်ပါတယ်။ အားရပါးရတစ်ချက်ရယ်မောလိုက်ပြီး
“ကဲ.. မင်းတို့မှာ တခြား အရည်အချင်းရှိသေးရင်တော့.. နှလုံးပီတိဂွမ်းဆီထိတဲ့ အချိန်အထိ အားရပါးရသာ အသုံးပြုကြပေတော့..။ မင်းတို့တွေ ငါ့ကို မတိုက်ခိုက်တော့ဘူးဆိုရင်တော့ တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်း တာအိုတံဆိပ်တော် အကြီးနဲ့ အခုပဲ ငါထွက်ခွာသွားရမယ်။”သူ့ရဲ့အသံဟာ အထက်ကောင်းကင် တခွင် ပဲ့တင်သံထပ် ထွက်ပေါ်နေလို့ပါ။ ဒါပေမဲ့ ဘယ်သူကမှ သူ့ကို လာပြီး မတိုက်ခိုက်ခဲ့ပါဘူး။
“အခုတော့ သွားဖို့ အချိန်မတန်သေးပါဘူးလေ။”
နင်လည်း ကြိတ်ပြုံးလိုက်ပြီး
“ဆရာက ကမ္ဘာငယ်လေးထဲမှာ မိုးကောင်းကင်ရဲ့ စစ်ဆေးစမ်းသပ်မှုကို ကျော်ဖြတ်နေရသေးတယ်။ တကယ်လို့ ရန်သူကသာ ငါ့ကို သတ်ချင်တယ်ဆိုရင်.. ဒီကမ္ဘာငယ်လေးကို ပြန်လိုက်လာပြီး တိုက်ခိုက်နိုင်တယ်။ ဒါကြောင့် ငါ ဒီမှာ ခဏနေတာ အကောင်းဆုံးပဲ..။”
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda