ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 18
Chapter 9 (ဟုန်ယွိရဲ့ လေးအတတ်ပညာ)ဂျိနင်လည်း ဓားသိုင်းကျမ်းတွေ သိမ်းဆည်းထားတဲ့စာအုပ်ဆင်ကို လျှောက်လှမ်းသွားပြီးတော့ သေချာ လှန်လှောဖတ်ရှုလိုက်ပါတယ်။ သေချာဆုံးဖြတ်ပြီးတဲ့အခါမှာတော့ မိုးကောင်းကင်ထွန်ခြစ်ဓားသိုင်းကို သူရွေးချယ်ယူလိုက်ခဲ့ပါပြီ။
“ဂိုဏ်းတူအကိုကြီး.. ကျွန်တော် ဒီတစ်အုပ် ရွေးယူလိုက်ပြီနော်။ မိုးကောင်းကင် ထွန်ခြစ် ဓားသိုင်းပါ။”
နင်က ပြောလိုက်ပါတယ်။“အေးအေး…”
ငွေလက ခေါင်းညိတ်လိုက်ပါတယ်။ လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ ထူထဲတဲ့ စာအုပ်ကြီးတစ်ထပ် သူ့လက်ထဲ ပေါ်လို့လာခဲ့ပါပြီ။ ဒါကတော့ တာအိုဖခင်ကြီး မိုးကောင်းကင်ထွန်ခြစ်ကိုယ်တိုင် တီထွင်ခဲ့တဲ့ မိုးကောင်းကင်ထွန်ခြစ်ဓားသိုင်း အပြည့်အစုံပါ။ နင်လည်း ၀မ်းသာအားရနဲ့ စာအုပ်တစ်ထပ်ကြီးကို လက်ခံယူလိုက်ပါတော့တယ်။ စာအုပ်တွေကို လှန်လှော ဖတ်ကြည့်လိုက်တာနဲ့ စာအုပ်တွေထဲ စိတ်နစ်မြုပ်လို့ သွားပါတော့တယ်။ သူလည်း ဘာကိုမှ ဂရုစိုက်မနေတော့ပဲ နတ်ဘုရားနန်းတော် န၀မမြောက် ဘုံအဆင့် ကြမ်းပြင်မှာပဲ ထိုင်ချလိုက်ပြီး ဓားသိုင်းတွေကို လေ့လာလိုက်ပါတော့တယ်။…
နွေရာသီ ထွက်ခွာသွားလို့ ဆောင်းရာသီ ရောက်လို့ လာခဲ့ပြီလေ။ တစ်နှစ်ဟာ ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။
ဒီ တစ်နှစ်အတွင်းမှာ လောကသုံးပါးနန်းတော်ကို နင်ချက်ခြင်း မသွားခဲ့ပါဘူး။ ပြောရရင်တော့ နန်းတော်ကြီးက ထွက်ပြေးသွားမှာမှ မဟုတ်တာ။ ဒီတစ်နှစ်အတွင်းမှာတော့ န၀မမြောက် ဂိုလမ်ကို နင် သုံးကြိမ်တိတိ အနိုင်ယူခဲ့တဲ့အွက် နောက်ထပ်ဓားသိုင်းနှစ်ခုကို ထပ်ပြီးရလာခဲ့ပါပြီ။ ဒီဓားသိုင်းအားလုံးကို တာအိုဖခင်ကြီးတွေက တီထွင်ရေးသားခဲ့တာဖြစ်ပြီးတော့ လောကသုံးပါးထဲမှာ တကယ့်ကို ပြိုင်စံရှားတဲ့ ဓားသိုင်းတွေချည်းပါ။
နင်လည်း သိုင်းပညာရပ်တွေကို သေချာလေ့လာသုံးသပ်ခဲ့ပြီး တော်တော်နားလည်သဘောပေါက်လာခဲ့ပါတယ်။ အခုဆို မိုးကောင်းကင် ထွန်ခြစ်ဓားသိုင်းထဲက ဓားသိုင်းကွက် ၁၃ကွက်ကိုလည်း သူနားလည်အောင်မြင်သွားခဲ့ပြီလေ။
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda