ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 20
Chapter 19 (စတေးဝါးတာ နော့မွန့်ကလန်ရဲ့ ဂိုဏ်းချုပ်ဖိုးဖိုးကြီး)နယ်မြေဒေသကို သေချာတွက်ချက်ကြည့်ပြီးပေမဲ့လည်း ဂျိနင်အနေနဲ့ မှန်မမှန် အတည်မပြုထားသေးပါဘူး။ စကြ၀ဠာ ခုန်ကျော်ခြင်းကို အသုံးပြုပြီးတော့ စတေးဝါးတားမြို့တော်ကိုပဲ သူပြန်လာခဲ့လိုက်ပါတယ်။ သူ့ဆရာက ကောင်းကင်အင်မော်တယ် အခုပဲ ဖြစ်သွားခဲ့တာလေ။ သူက ရှိနေပေးသင့်တာပေါ့..။ သူ့ရဲ့ မူလခန္ဓာကိုယ်သာ ရှိမနေဘူးဆိုရင် သူ့ဆရာနဲ့ အင်မော်တယ် အရူးမီးတောက်လည်းစိတ်ပူနေရမှာလေ။
စတေးဝါးတားမြို့တော်.. အဖြူအနက်ကောလိပ်…
အခုက နေ့လည် ရောက်လာပြီပေမဲ့လည်း အဖြူအနက်ကောလိပ်ရဲ့ ကျောင်းအုပ်ကြီး ခန်းမထဲမှာတော့ စည်ကားလို့နေပါပြီ။
“အားလုံးကို အရမ်းချိုမြိန်တဲ့ သတင်းကောင်းတစ်ခုပြောပြမယ်။ ငါတို့အဖြူအနက်ကောလိပ်ကနေ ကောင်းကင် အင်မော်တယ် တစ်ဦး ထပ်ပြီးမွေးဖွားလာခဲ့ပြီလေ။ ဒုတိယမြောက် ကောင်းကင်အင်မော်တယ်ပေ့ါ..။”
အင်မော်တယ် အရူးမီးတောက်လည်း အားရပါးရ ကြေညာလိုက်ပါတယ်။ သူ့စကားသံက ပဲ့တင်သံထပ် ထွက်ပေါ်နေလို့ပါ။ ခန်းမကြီးတစ်ခုလုံး ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားခဲ့ပါပြီ။ အင်မော်တယ်အရူးမီးတောက်ကို အားလုံးပဲ မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြပါတယ်။“လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကပေါ့.. ဂိုဏ်းတူညီလေး ဒန်ချိုင် ဝါယော စမ်းသပ်စစ်ဆေးခြင်း၊ မီးလျှံ စမ်းသပ်စစ်ဆေးခြင်း၊ မိုးကြိုး စမ်းသပ် စစ်ဆေးခြင်းနဲ့ မိစ္ဆာနှလုံးသား စမ်းသပ်စစ်ဆေးခြင်းကို ကျော်ဖြတ်တာမှာ ဂျိနင်နဲ့ ငါတို့ အတူတူ စောင့်ရှောက်ကာကွယ်ပေးခဲ့တယ်လေ။ ဒီ ကပ်ဘေးကြီး လေးခုကို ကျော်ဖြတ်ပြီးသွားတဲ့ အခါမှာတော့ ဂိုဏ်းတူညီလေး ဒန်ချိုင်က ကောင်းကင်အင်မော်တယ် ဖြစ်လာခဲ့တာပဲ..။”
အင်မော်တယ် အရူးမီးတောက်ရဲ့ စကားသံ ဆက်ပြီး ထွက်ပေါ်နေလို့ပါ။“ကောင်းကင်အင်မော်တယ်…”
“ဂိုဏ်းတူညီလေး ဒန်ချိုင်..”
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda