Book 19 Chp 13

61 7 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 19 
Chapter 13 (နှလုံးသားဟာ အတူပျံသန်းသွားတယ်…)

နင်လည်း ထင်းခုတ်သမားကြီး ထွက်ခွာသွားတာကို ကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။
“မြားပျံသန်းသွားချိန်.. ဒါကိုငါနားလည်ပါတယ်။ ဒါပေမဲ့ နှလုံးသားဟာ အတူပျံသန်းသွားတယ်… ဒါက ဘာအဓိပ္ပာယ်လဲ..။”

တွမ် တွမ် တွမ်

နင်လည်း လေးကိုဆွဲပြီးတော့ မြားဆက်ပစ်ကြည့်လိုက်ပါတယ်။ တဖြည်းဖြည်း နားမလည်မှုတွေ တိုးလာခဲ့ပါပြီ။

“ဆရာလေး…”
အနက်ရောင်၀တ်စုံ၀တ်လူငယ်လေးက ၀မ်းသားအားရနဲ့
“မင်းရဲ့ ဂိုဏ်းတူအစ်ကိကြီးပြောခဲ့တယ်မလား… မြားပျံသန်းသွားချိန် နှလုံးသားဟာ အတူပျံသန်းသွာတယ်။ ငါ တခုခုကို နားလည်သွားပြီ…။”

“အိုး..”
နင်လည်း အံ့အားသင့်လို့သွားပါတယ်။

အနက်ရောင် ၀တ်စုံ၀တ် လူငယ်လေးက ချက်ချင်းပဲ ရှင်းပြလိုက်ပါတယ်။
“ငါက ဆရာအဆင့်ဆင့်ပြောင်းလဲလာခဲ့ရသလို သူတို့တွေ လေးအတတ်ပညာကို လေ့ကျင့်တာလည်း မြင်ခဲ့ရတယ်လေ။ ဒါ့အပြင်ကို သူတို့ရဲ့ မျိုးဆက်တွေကို လေးအတတ်ပညာသင်ကြားပေးတာကိုလည်း မြင်ခဲ့ရတယ်။ ဒီမှာပဲ ငါကြားခဲ့ရတဲ့ ဆိုရိုးစကား တချို့ကို သတိပြန်ရလာခဲ့တာ..။ မင်းရဲ့ နှလုံးသားကို ထည့်ထားဖို့လိုတယ်တဲ့။ မင်းရဲ့ နှလုံးသားကို မြားထဲ ထည့်ထားပါတဲ့။ မင်းကို ငါ သင်ကြားပေးနေတုန်းက ဒီစကားကို အလေးမထားမိခဲ့ဘူးလေ။ ဘာဖြစ်လို့လည်းဆိုတော့ ဒါတွေက သာမန်အားပေးတဲ့ စကားလုံးတွေပဲ ထင်ထားမိခဲ့တာ။ ဒါပေမဲ့ ဒီစကားတွေမှာ အနှစ်သာရတွေ ပါနေတာ သေချာနေပြီ။”

နင်က အရမ်းကို ဥာဏ်ကောင်းတဲ့သူပါ။ အနက်ရောင် ၀တ်စုံ၀တ် လူငယ်လေးက လိုအပ်ချက်ကို သေချာ မညွှန်ပြနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ နင်က အခုဆို ကိုယ်ပိုင်အတွေးပေါက်ခဲ့ပါပြီ။

နှလုံးသားကို အသုံးပြုဖို့..

နှလုံးသားကို မြားထဲထည့်လိုက်ဖို့…

မြားပျံသန်းသွားတဲ့အခါမှာ… နှလုံးသားဟာလည်း အတူပျံသန်းသွားတယ်လား…

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now