ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 20
Chapter 2 (ချီ - မူလကမ္ဘာရဲ့ နတ်ဘုရားလေးသည်တော်)မင်းသမီးရှီးယွဲ့၊ နတ်မိမယ် အဇူရာ မိုးမခ၊ ဖန်းယန်ဂု နဲ့ ကျန်တဲ့သူတွေအားလုံးလည်း မှင်သက် အံ့သြစွာနဲ့ ကြည့်နေမိကြပါတယ်။ ဂျိနင်ရဲ့ လက်ထဲက မြားက ဒီလောက်တောင် အဖိုးတန်တယ်လား။ တကယ့်ကို မယုံနိုင်စရာ ကိစ္စတစ်ခုပဲလေ။
ဒါပေမဲ့… နင်က အမြဲတမ်းကို ဆန်းကျယ်တဲ့ သူတစ်ဦး ဖြစ်ခဲ့ပါတယ်။
အင်ပါရီယာ နန်းမြို့တော်ကို ပထမဆုံးအကြိမ် ရောက်လာတဲ့ အချိန်မှာပဲ ဓာတ်ကြီးငါးပါး ဒေါင်းတောင်ကို ၀ယ်ယူခဲ့တယ်လေ။ ပြီးတော့ အင်မော်တယ် ကံကြမ္မာပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာခဲ့တယ်။ ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းဆီမှာ တပည့်အဖြစ် သင်ယူဖို့ကိုလည်း ငြင်းဆိုခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော် ပျောက်ဆုံးသွားခဲ့တယ်။ ပြန်ရောက်လာတဲ့အခါမှာတော့ သူအများကြီးကို အစွမ်းထက်လာခဲ့ပြီလေ။ သူ့အတွက် အခုလို တန်ဖိုးကြီးလှတဲ့မြားတစ်ချောင်းကို ထုတ်ပေးနိုင်တယ်ဆိုတာကလည်း စဉ်းစားကြည့်ရင်တော့ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။
ဒါပေမဲ့ ဒီ မြားက အရမ်းကို တန်ဖိုးကြီးလွန်းတယ်လေ။ မင်းသမီးရှီးယွဲတောင်မှ အားကျပြီးတော့ နည်းနည်းမနာလို ဖြစ်သွားသလို ခံစားမိလိုက်ပါတယ်။
“သေစမ်း။ သေစမ်း”
သခင်လေး ယန်ပန်းကတော့ အရမ်းကို မနာလို ဖြစ်နေခဲ့ပါပြီ။“ဂျိနင်ပေးလိုက်တဲ့မြားက ဘာဖြစ်လို့ ဒီလောက်တောင် စျေးကြီးရတာလဲ…။”
သခင်လေးယန်ပန်းက ကိုယ်စွမ်းကိုယ်စမှာ ဂျိနင်ကို မယှဉ်နိုင်တာကို သိပြီးသားပါ။ ဒါပေမဲ့ သူက ပိုပြီးတော့ ကြွယ်၀ချမ်းသာမယ် ထင်မှတ်ထားခဲ့မိပါတယ်။ ဒါက သူ့ကိုယ်သူ ယုံကြည်မှုပဲလေ။ ဒါပေမဲ့ မြားတစ်ချောင်းတည်းနဲ့ကို သူဟာ ဂျိနင်ရဲ့ ခြေထောက်အောင် ပြားပြား၀ပ် ရှုံးနိမ့်သွားခဲ့ရပါပြီ။သခင်လေးယန်ပန်း တကယ်ကို မကျေမချမ်း ဖြစ်နေခဲ့ပါပြီ။
“ကောင်းပြီလေ။ ဒီအတိုင်းပဲ သတ်မှတ်လိုက်တာပေါ့။”
နင်ကပြောလိုက်ပါတော့တယ်။
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda