Book 19 Chp 8

63 8 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 19 
Chapter 8 (လောကသုံးပါးတခွင် လှည့်လည်သွားလာနိုင်စွမ်း)

ငွေလလည်း ခေါင်းကို ခါယမ်းပြီးတော့ ရယ်မောလိုက်ပါတယ်။
“အစ်ကိုကြီးက အစွမ်းထက်နေလို့ မဟုတ်ဘူးကွ။ ၈၉ပါး လျှို့ဝှက်နတ်သိုင်းကို  လေ့ကျင့်တဲ့လူဆိုလို့ အတွင်းစိတ်နှလုံးသားတောင်မှာ လူနည်းစုပဲ ရှိတယ်လေ။ တစ်ဦးချင်းစီဖယ်ထုတ်လိုက်မယ်ဆို၇င်.. ဂိုဏ်းတူညီလေးဆိုတာသေချာပေါက်ကို သိမှာပဲလေ။”

နင်လည်းခေါင်းညိတ်လိုက်ပါတယ်။ ၈၉ ပါး လျှို့ဝှက်နတ်သိုင်းက လောကသုံးပါး နန်းတော်မှာပဲ ရှိနေတာပါ။ တပည့်ရင်းတွေနဲ့ ဂိုဏ်းချုပ်ဖိုးဖိုးကြီးရဲ့ ခွင့်ပြုချက် ရထားသူတွေသာ လေ့ကျင့်လို့ ရမဲ့ ပညာရပ်ပါ။

“ညီလေးသာ တခြားသူတစ်ဦးအဖြစ် အသွင်ပြောင်းလဲလိုက်မယ်ဆိုရင် အစ်ကိုကြီးလည်း ပြောနိုင်မှာ မဟုတ်ဘူးလေ။”
ငွေလက ရယ်မောလိုက်ပြီးတော့
“ဒီ အသွင်ပြောင်းလဲခြင်း ၇၂ ပါးက ကိုယ့်ရဲ့ အ၇ှိန်အဝါကို လုံးဝပြောင်းလဲသွားစေတဲ့အပြင်ကို ကိုယ့်ကို ၀န်းရံနေတဲ့ ကမ္မကံကောင်းခြင်နဲ့ မဟာအပြစ်သားအရှိန်အဝါတွေအားလုံးကိုပါ အသွင်ပြောင်းလိုက်တဲ့ လူရဲ့အတိုင်းကို ဖြစ်သွားစေတယ်လေ။ ဒါက အရမ်းကို အစွမ်းထက်တဲ့ အသွင်ပြောင်းလဲခြင်နတ်ဘုရားသိုင်းပေါ့…။”

နင်လည်း ခေါင်းညိတ်လိုက်ပါတယ်။ ဥပမာ အနေနဲ့… နင်က ကျောက်ခဲ အဖြစ် အသွင်ပြောင်းလိုက်စဉ်မှာ သူ့ရဲ့ သုံးပေအမြင့်ရှိတဲ့ ကမ္မကံကောင်းခြင်း ရွှေရောင်အလင်းတွေကို လုံး၀ သိမ်းဆည်းလိုက်နိုင်တယ်လေ။ သူသာ ဆိုးသွမ်းရက်စက်တဲ့ ပြစ်မှုကျူးလွန်ထားသူအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင်လည်း အပြစ်သား သွေးရောင် အရှိန်အဝါတွေ ထွက်ပေါ်လာမှာပါ။

“ပန်ဂုရဲ့ မူလကမ္ဘာခေတ်မှာတုန်းကတော့… ဒီ အသွင်ပြောင်းလဲခြင်း ၇၂ ပါးကို အသုံးပြုနိုင်တဲ့ မိစ္ဆာသားရဲကြီးဟာ ဗုဒ္ဓဘုရားရှင် အသွင်ကို ပြောင်းလဲခဲ့တယ်လေ။ သူက လူတွေကို နှစ်ထောင်ပေါင်းများစွာ လှည့်စားနိုင်ခဲ့တယ်။ နောက်တော့မှသာ သူမှန်း သိသွားခဲ့ကြတာလေ။”
ငွေလက ရယ်မောလိုက်ပြီးတော့
“၈၉ပါး လျှို့ဝှက်နတ်သိုင်းရဲ့ အခြေခံအဆင့်ကို  မင်းနားလည်သွားခဲ့ပြီးပြီ။ မင်း အခြေခံ ရသွားပြီပေ့ါ။ ဒီ ၇၂ ပါးအသွင်ပြောင်းလဲခြင်းက ထွက်ပြေးပုန်းအောင်ရာမှာ ထိပ်တန်းအဆင့် ပညာရပ်ပဲလေ။”

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now