Book 16 Chp 11

61 9 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 16 
Chapter 11 (အင်မော်တယ်နှင့် နတ်ဘုရားများ)

“အိုး”
“ကျွန်တော်လည်း ခုန တိုက်ပွဲတုန်းက နတ်ဘုရားစွမ်းအင်တွေ အများကြီး ထုတ်သုံးခဲ့ရတယ်။ ကျွန်တော် ခနလောက်တော့ အနားယူလိုက်ဦးမယ်နော်….။”

နင်လည်း ပြောပြီးတာနဲ့ လှိုဏ်ဂူရဲ့ အနက်ရှိုင်းဆုံး နေရာကို လျှောက်လှမ်းလို့ သွားပါတယ်။ သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်ပြီးတော့ ပတ်၀န်းကျင် တခွင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ရှင်းလိုက်ပါတယ်။ လက်ကို ခေါင်းအုံးပြီးတော့ သူလဲလျောင်းအိပ်စက်လိုက်ပါပြီ။ ဟောက်သံတွေတောင် ထွက်ပေါ်နေလို့ပါ။

နင်ကိုကြည့်ရတာ အေးအေးဆေးဆေးပေမဲ့လည်း နှလုံးသားထဲမှာတော့ ခံစားချက်တွေ ပြည့်လို့နေပါတယ်။

“ဂိုဏ်းတူအမတော်မှာ တာအိုလက်တွဲဖော် ရှိဖူးလား မရှိဖူးဘူးလား ကိစ္စကို ငါဘာဖြစ်လို့ သွားမေးမိရတာလည်း။”
နင်ရဲ့စိတ်တွေကတော့ အရမ်းကို လှုပ်ရှားလို့နေပါတယ်။ သူကဥာဏ်ကောင်းတဲ့ လူတစ်ဦးပါ။ ကိုယ့်ရဲ့နှလုံးသားကို သေချာနားလည်သဘောပေါက်ထားတဲ့ တန်ခိုးရှင်တစ်ဦးလေ။ သူချက်ခြင်းသဘောပေါက်လိုက်ပါပြီ…
“ငါက…”

“အင်း… ထားလိုက်ပါလေ။ တာအိုလက်တွဲဖော်ဆိုတာ ဘယ်လိုလုပ် အလွယ်တကူ ဖြစ်နိုင်မှာလဲ..။”

“ငါ့စိတ်ထဲကကော သေချာပြင်ဆင်ထားပြီးပြီလား…။”

“မဖြစ်သေးပါဘူး။ ငါအဆင်သင့် မဖြစ်သေးပါဘူး။”

နင်လည်း နှလုံးသားထဲက အရာအားလုံးကို ထိန်းချုပ်ပြီး အိပ်စက်လိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်၀က်တုန်းက အတွေ့အကြုံတွေကို ပြန်ပြီးတွေးနေမိပါတယ်။ သူမကို ပထမဆုံးတွေ့ခဲ့တဲ့အချိန်က စပြီးတော့ ဒီနေ့အထိကို အားလုံးသူပြန်တွေးနေမိပါတယ်။ သူမနဲ့ ပတ်သက်ပြီးတော့ အစောပိုင်းကတည်းက အရမ်းကို တရင်းတနှီးဆက်ဆံခဲ့မိတာပါ။ ကြာပန်းကိုးပွင့်လိုမျိုး စိတ်ခံစားချက်ပေါင်း မြောက်များစွာ ရှိနေတဲ့ လူစားမျိုးလည်း သူမ မဟုတ်ခဲ့ပါဘူး။ သူ နဲ့ ကြာပန်းကိုးပွင့်က တကယ်ကို ကမ္ဘာခြားနေခဲ့တာပါ။ ယုဝေကျတော့… သူမရဲ့အတွေးတွေ တော်တေ်ာများများက သူနဲ့ထပ်တူကျလို့နေသလို… သူမရဲ့ အမူစရိုက်ကလည်း သူနဲ့ အတူတူပါပဲ။

ဂျိနင် Book 16 & 17 & 18 & 19 & 20Donde viven las historias. Descúbrelo ahora