ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 17
Chapter 18 (အလျင်အမြန် ထွက်ခွာသွားခြင်း…)ဂျိနင်ရဲ့အင်မော်တယ်နန်းတော် ၀င်ပေါက်မှာတော့…
နင်လည်းသူတို့ကို ထွက်လာပြီးတော့ နှုတ်ဆက်လိုက်ပါတယ်။
“ချီဘုရင်နဲ့ ယန်ဘုရင်ကို နှုတ်ဆက်ဂါရ၀ ပြုပါတယ်ခင်ဗျာ…”“ဂျိနင် .. သတင်းကောင်းတော့ ရောက်လာပြီ…”
ယန်ဘုရင်က ရယ်မောပြီးတော့ ပြောလိုက်ပါတယ်။“အိုး..”
ဂျိနင်လည်းကြောင်အလို့ သွားပါတော့တယ်။ သတင်းကောင်း.. ဒါဆို ရှအင်ပါရီယာပြည့်ရှင်က သူ့အတွက် သန့်စင်သောယန် အင်မော်တယ် ဆရာတစ်ဦး ရှာတွေ့ခဲ့တာလား..။ချီဘုရင်လည်း ရယ်မောလိုက်ပြီးတော့
“အင်ပါရီယာပြည့်ရှင်က သူ့ရဲ့ ဂိုဏ်းတူညီလေး ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းကို သွားတွေ့ခဲ့တယ်လေ။ သူက သန့်စင်သောယန် အင်မော်တယ် ပဲပေါ့။ သူက အရမ်းကို အစွမ်းထက်သလို ဓားမဟာတာအို တစ်ခုလုံးကိုလည်း နားလည်သဘောပေါက်ထားတယ်လေ။ လောကသုံးပါးတခွင်မှာတော့ သူက တော်တော်ကို ကျော်ကြားတဲ့ ဓားတန်ခိုးရှင် တစ်ဦးပဲလေ။ မင်းကို သင်ကြားပေးဖို့ တော်တော်သင့်တော်တဲ့ ဆရာတစ်ဦးလို့ ပြောလို့ရတယ်။”နင်လည်းခေါင်းညိတ်လိုက်ပါတယ်။ ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်း..?
“ဂျိနင်.. ”
ယန်ဘုရင်က လေသံနဲ့ ပြောလိုက်ပါတယ်။
“ဒီဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းဆိုတာက အရမ်းကို မောက်မာပြီးတော့ မာနကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးနော်။ သူ့အနားကိုရောက်ရင် မင်းအရမ်းကို ယဉ်ကျေးဖို့လိုအပ်သလို သတိလည်း အများကြီးထားရမယ်။”နင် ရင်တုန်သွားပါတယ်။ ဆရာသမားကို ဂါရ၀တရားထားဖို့ဆိုတာက သင်ကြာပေးဆရာမလိုဘူးလေ။ ဒါပေမဲ့ ယန်ဘုရင်လို ကောင်းကင်အင်မော်တယ်က ဒီ သန့်စင်သောယန် အင်မော်တယ် ထာ၀ရ စိမ်းလန်းခြင်းကို အရမ်းမောက်မာပြီး မာနကြီးတယ်ပြောခဲ့တယ်။ သူ့ကိုလည်း အရမ်း ယဉ်ကျေးဖို့လိုတယ်ဆိုတော့ကာ… နင်တွေးမိလိုက်ပါတယ်။
“ငါထင်တယ် ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းက မောက်မာပြီးမာနကြီးရုံတင် မကနိုင်ဘူး။ တော်သေးလို့ပေါ့.. သူ့ကို ဆရာအဖြစ် မသတ်မှတ်လိုက်မိတာ…။”
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda