ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 16
Chapter 6 (မဟာအမှောင်လိပ် နတ်ဘုရားသိုင်း)တောင်တန်းနှင့် မြစ်ပြင်ကျယ်တို့၏ လင်းလက်နေသော လမင်း အင်းကွက်ပန်းချီကားထဲမှတော့….
“ဂိုဏ်းတူမောင်လေး”
အခု လောလောဆယ် သူမခံစားနေရတဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းသိမ်းဖို့က တော်တော်ကို ခက်ခဲခဲ့ပါတယ်။“ဂိုဏ်းတူအမတော်… ခုန အမတိုက်ခိုက်နေတုန်းက တော်တေ်ာလှုပ်လှုပ်ရှားရှားဖြစ်သွားလောက်ပြီ။ ပြီးတော့ အမအချိန်အကြာကြီးတိုက်ခိုက်ခဲ့ရတာ…။ တခြားလူတွေ ဒီအနီး၀န်းကျင်မှာစောင့်နေမှာ သေချာသလောက်ပဲ။”
နင်လည်း စကားပြောနေဖို့ အချိန်မရှိတော့ဘူးဆိုတာကို နားလည်ပါတယ်။ လက်ကို ဝှေ့ယမ်းလိုက်ပြီးတော့ အနက်ရောင်၀တ်စုံ၀တ် လူကြီး နဲ့ ငွေရောင်ဆံကေသာပိုင်ရှင် ကောင်မလေးရဲ့ မှော်ရတနာတွေနဲ့ သိုလှောင်ခန်း မှော်ရတနာတွေကို သိမ်းဆည်းလိုက်ပါတယ်။ ဆွဲပြားတွေက ဒီသိုလှောင်ခန်း မှော်ရတနာတွေထဲ ရှိနေတဲ့အတွက် သူမထားခဲ့နိုင်ပါဘူး။၀ှစ်
နင်နဲ့ ယုဝေအရှေ့မှာ သင်္ဘောတစီးပေါ်လာခဲ့ပါပြီ။
“ဂိုဏ်းတူအမတော် … သွားကြစို့…။”
နင်လည်း ယုဝေလက်ကိုဆွဲပြီးတော့ သင်္ဘောပေါ်ကို ခုန်တက်လိုက်ပါတော့တယ်။ သူတို့နှစ်ယောက် သင်္ဘောပေါ်ကိုရောက်တာနဲ့ သင်္ဘောဟာ အလင်းတန်းသဖွယ် ချက်ခြင်းကိုပျံသန်းထွက်ခွာသွားပါတော့တယ်။ ထွက်ပြေးနေတဲ့အချိန်မှာနင်လည်း သူ့ရဲ့ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ပါတယ်။ သူထင်တဲ့အတိုင်း လူတော်တော်များများ ရောက်လို့နေခဲ့ပါပြီ။“ဒီ အနက်ရောင်၀တ်စုံနဲ့ ကောင်လေးက ဘယ်သူလည်း။ သူက ဘာဖြစ်လို့ ဒီလောက်တောင် အစွမ်းထက်တာလည်း။”
“သူ့ရဲ့ အစွမ်းအစနဲ့ဆိုရင် အင်မော်တယ် ကံကြမ္မာပြိုင်ပွဲရဲ့ ထိပ်တန်းအယောက် တစ်ရာ စာရင်း၀င်ပဲ ဖြစ်ရမယ်။ ကောင်းကင်ရတနာ တောင်ကြီးရဲ့ မှတ်တမ်းထဲက ဂျိနင်နဲ့တော့ နည်းနည်း ဆင်သားပဲဟ။ သူက ဓားနှစ်လက်ကို အသုံးပြုခဲ့တယ်။ အနီကပ် တိုက်ခိုက်မှုကလည်း အရမ်းကို အစွမ်းထက်ခဲ့တယ်။ ပြီးတော့ ကြာပန်းပွင့် ပညာရပ်လည်း ရှိခဲ့တယ်ဆိုတော့…. အခုလို သူအစွမ်းပြသွားတာကို ချိန်ကြည့်လိုက်မယ်ဆိုရင် … ဂျိနင်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဂျိနင်က သားမွေး၀တ်စုံပဲ အမြဲတမ်း၀တ်ထားတာလေ။ ဒီ အနက်ရောင်၀တ်စုံ၀တ် လူငယ်လေးက ဘယ်ကနေ ထွက်ပေါ်လာရတာလဲ။ ဂျိနင်ဆို ဒီလောက်အထိ ရဲရဲတင်းတင်း၀င်လာရဲမှာ မဟုတ်ဘူး။”
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda