ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 18
Chapter 6 (ခြေလှမ်းဓားသိုင်း)ကြယ်သုံးလုံး လခြမ်းကွေး တဲအိမ်လေးရဲ့ မြက်ခင်းလွင်ပြင် တစ်နေရာမှာတော့ နင်ရဲ့ အင်မော်တယ် နန်းတော်လေး တည်ရှိနေခဲ့ပါတယ်။
အင်မော်တယ် နန်းတော်ရဲ့ ခြံ၀န်းလေးထဲမှာတော့….
မြေပြင်မှာ မျက်လုံးစုံမှိတ်ပြီးကြာပန်းသဏ္ဍာန် နင်ထိုင်လို့ နေပါတယ်။ သူ့ဘေးမှာတော့ ရေမြေခွေးဖြူကြီး လဲလျောင်းနေလို့ပါ။
၀ှစ်
၀ှစ်
မိုးပြာရောင် ၀တ်စုံ၀တ်ဆင်ထားတဲ့ မိန်းကလေးတစ်ဦး ရုတ်တရက်ပေါ်ထွက်လာခဲ့ပါတယ်။ သူကတော့ ချွင်ကလေးပါ။
“အသံမထွက်စေနဲ့…”
ရေမြေခွေးဖြူကြီးက ခေါင်းမော့လိုက်ပြီး စိတ်နဲ့လှမ်းဆက်သွယ်လိုက်ပါတယ်။“ဘာဖြစ်လို့လည်း ဦးလေးဖြူ…”
ချွင်ကလေးက နင်ကို နားမလည်နိုင်စွာနဲ့ ကြည်လိုက်မိပါတယ်။ နင်ကတော့ မျက်လုံးစုံမှိတ်ပြီး ကြာပန်းသဏ္ဍာန် ထိုင်လို့နေဆဲ။ သူမလည်း စ်ိတ်နဲ့ဆက်သွယ်ပြီးတော့
“ဆရာက လေ့ကျင့်နေတာလား..။ ဒါပေမဲ့ သူအမြဲတမ်းလိုလို သီးသန့်ခန်းမှာပဲ လေ့ကျင့်ဖြစ်တာ မဟုတ်ဘူးလားရှင်။ ဘာဖြစ်လို့ မြေပြင်မှာ ထိုင်နေရတာလည်း မသိဘူး။”နင်က ရေအောက်နန်းတော်ထဲက ကြယ်တာရာခန်းမထဲမှာပဲ လေ့ကျင့်ဖြစ်တာ များပါတယ်။ ဒါက တာအိုဥာဏ်အလင်းရရှိတာ မြန်စေဖို့အတွက် အထောက်အကူဖြစ်အောင် တာအိုတန်ခိုးရှင် သက်သုံးချောင်းက ကိုယ်တိုင် တည်ဆောက်ပေးခဲ့တာပဲလေ။ ဒါပေမဲ့ ရေအောက်နန်းတော်ရဲ့ တည်ရှိမှုက လျှို့ဝှက်ချက်ကြီး တစ်ခုပါ။ နင်ကို ဘယ်သူ့မှ ပြောမပြ မိစေဖို့ ဂိုဏ်းချုပ်ကြီး ရွှီးဖူတိ ထပ်ပြီး သတိပေးခဲ့ပါသေးတယ်။ ဒါကြောင့် ချွင်ကလေးနဲ့ ဦးလေးဖြူတို့တောင် ဒီကိစ္စကို မသိကြသေးပါဘူး။
“သူက ခြံ၀န်းထဲမှာ လမ်းလျှောက်နေရာကနေ ဥာဏ်အလင်းလျှပ်တစ်ပြက် ရလိုက်တာလေ။ ဒါနဲ့ ချက်ခြင်းပဲ ကြာပန်းသဏ္ဍာန် ထိုင်ပြီး တရားကျင့်ဖြစ်သွားတာ။”
ရေမြေခွေးဖြူကြီးက စိတ်နဲ့ ပြန်ဆက်သွယ်လိုက်ပါတယ်။
“ဥာဏ်အလင်းက လျှပ်တပြက်ဆိုသလို ရလာတာလေ။ သူ့သီးသန့်ခန်းကို ပြေးသွားဖို့ အချိန်မပေးနိုင်တော့ဘူး။”
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda