Book 18 Chp 1

66 8 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 18 
Chapter 1 (ဂိုဏ်းချုပ်ကြီးက တပည့်တစ်ဦး လက်ခံခြင်း)

“ကျွန်တော်…”
ဂိုဏ်းချုပ်ကြီးကို ၀က်ဝံ၀ါကြီး မော့ကြည့်လိုက်မိပါတယ်။

“သူသေသွားခဲ့ပြီ။ ဟိုးအရင်တုန်းကတည်းက သူသေဆုံးသွားခဲ့ရပြီလေ။ ကပ်ဘေးမှာ သူသေဆုံးခဲ့ရတာ…။”
ဂိုဏ်းချုပ်ကြီးက ခေါင်းကို ခါယမ်းလိုက်ပြီးတော့
“အသက်သုံးချောင်းရဲ့ စိတ်ထားအရ.. သူသာ အသက်ဆက်ရှင်နေဦးမယ်ဆိုရင်.. မင်းကို လာမရှာပဲ ဘယ်နေလိမ့်မလည်းကွယ်။ နှစ်ပေါင်းများစွာကို မင်းတစ်ယောက်တည်း ကျော်ဖြတ်ခိုင်းလိုက်ပါ့မလား။ ၀က်ဝံလေးရယ်.. အမှန်တရားကို  မင်းအစောကြီးကတည်းက သိထားပြီးပါပြီ။ မင်းက မယုံကြည်ချင်ခဲ့တာပါ…”

ပေါက် ပေါက်..
မျက်ရည်စက်တွေ မြေပြင်ပေါ်ကို ကျလို့လာခဲ့ပါပြီ။ ၀က်ဝံ၀ါကြီးက ဒူးထောက်လို့နေဆဲပါ။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကတော့ တုန်လှုပ်လို့ နေခဲ့ပါပြီ။ နာကျင်ကြေကွဲစွာ သူ မြည်ကြွေးလိုက်ပါတော့တယ်။
“ဂါအား…………………….”
၀မ်းနည်းကြေကွဲစွာ မြည်ကြွေးလိုက်တဲ့ အသံကြောင့် နင်ရဲ့နှလုံးသားလည်း နာကျင်လို့ သွားခဲ့ပါတယ်။

“ဆရာ.. ဆရာ. ဆရာ…”

၀က်ဝံ၀ါကြီးလည်း ခေါင်းမော့ပြီးတော့ ရူးသွပ်စွာ မြည်တမ်း နေလို့ပါ။ တာအိုအသက်သုံးချောင်းက သူ့ရဲ့ ဖခင်အရင်းပမာ ပဲလေ။ အချိန်တော်တော်ကြာတော့မှ ဒူးထောက်နေတဲ့ ၀က်ဝံ၀ါကြီးက
“၀က်ဝံကလေးကို ခွင့်လွှတ်ပေးပါခင်ဗျာ.. ဒီလို တခဏ ရူးသွပ်ခဲ့ရတဲ့အတွက် ခွင့်လွှတ်ပေးပါ…”

“အေးအေး… ”
ဂိုဏ်းချုပ်ကြီးက ဆက်ပြောလိုက်ပါတယ်။
“မင်းရဲ့ ကြယ်တာရာဖမ်း နန်တေ်းာကို ပြန်နှင့်ချေ…။ အခုလောလောဆယ်တော့ ကြယ်တာရာဖမ်းနန်းတော်ကနေ မင်းထွက်ခွာလို့ မဖြစ်ချေသေးဘူး။”

“ဟုတ်ကဲ့ပါခင်ဗျာ…”
၀က်ဝံ၀ါကြီးလည်း တလေးတစား ဖြေကြားလိုက်ပါတယ်။ သူပျောက်ကွယ်လို့ သွားခဲ့ပြီလေ။ ရေအောက်နန်းတော်ကို သူပြန်သွားခဲ့ပါပြီ။

ရေအောက်နန်းတော်ရဲ့ ဝိဥာဉ် နဲ့ တာအိုတန်ခိုးရှင် အသက်သုံးချောင်းကြား ပတ်သက်မှုကြောင့် နင်တော်တော် စိတ်လှုပ်၇ှားသွားခဲ့ပါတယ်။ ဒီမှာ သူတချို့အချက်တွေကို နားမလည်နိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့ သူက တကယ့်သက်ရှိအတိုင်း ဖြစ်နေရတာလည်း။ သူက မျက်ရည်ကျတယ်လား။ ပြီးတော့ ဂိုဏ်းချုပ်ကြီးက သူ့ကို ကြယ်တာရာဖမ်း နန်းတော်ကနေ ထွက်ခွာလို့ မဖြစ်သေးဘူးပြောခဲ့တယ်…။ ဒါဆို သူက နောက်ဆို ထွက်ခွာတော့မှာလား…။

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now