Book 20 Chp 3

69 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 20 
Chapter 3 (၀င်္ကဘာကို နေရာချခြင်း)

“၀မ်းကွဲအစ်မ.. လိုက်မပို့ပါနဲ့တော့..”

ဂျိနင်က ရှီးယွဲ့ကို လေထဲကနေ မတ်တတ်ရပ်လျက် နှုတ်ဆက်လိုက်ပါတယ်။

“မောင်လေးပဲ ယန်ဘုရင့် နန်းတော်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ နေဦးမယ်ဆို။ ဘာဖြစ်လို့ ကောင်းကင်ရတနာတောင်ကြီးမှာ စျေး၀ယ်ပြီးတာနဲ့ ပြန်ရတာလဲ..။”
မင်းသမီးရှီးယွဲ့လည်း သူ့မောင်လေးနဲ့ မခွဲချင်ခဲ့ပါဘူး။ ယန်ဘုရင်က အခုလတ်တလောမှသာ ကောင်းကင်အင်မော်တယ် ဖြစ်လာတာလေ။ ဒါကြောင့် များသောအားဖြင့် တံခါးပိတ် တရားကျင့်နေတတ်ပြီး သူမကို စကားလာပြောခဲပါတယ်။ ပြီးတော့ ဂျိနင်က သူမနဲ့ အသက်မတိမ်းမယိမ်းပဲလေ။ သူနဲ့ အများကြီးဆွေးနွေးချင်ပါသေးတယ်။ ဒါပေမဲ့ သူမရဲ့ ဖိုးဖိုးနဲ့တော့ မဟုတ်ဘူးပေါ့။ ဒါကြောင့် သူ့ကို ဆက်နေစေချင်ခဲ့တာပါ။

“တော်၀င်ရှ ကမ္ဘာမှာ အခုဆို အန္တရာယ်ကြီးတဲ့ မြေအောက် ရေစီးကြောင်းတွေ ပြည့်နေပြီလေ။ ဒါကြောင့် ကျွန်တော့်ရဲ့ ချိုင့်ဝှမ်းဒေသက ဂျိကလန် ၀န်းကျင်မှာ ၀င်္ကဘာတွေကို မြန်နိုင်သမျှ မြန်မြန် နေရာချထားမှကို အဆင်ပြေမှာပါ။”
နင်က ပြောလိုက်ပါတယ်။
“ကျွန်တော် ချိုင့်ဝှမ်းဒေသမာ အမြဲ ရှိနေပါ့မယ်။ ဒါကြောင့် အစ်မ အားတဲ့အချိန်ကျရင် လာလည်လို့ရပါတယ်။”

“အမြဲတမ်းလား..”
မင်းသမီး ရှီးယွဲ့လည်း အံ့အားသင့်လို့သွားပါတယ်။

“အမှန်ပါပဲ…”
နင်ခေါင်းညိတ်လိုက်ပါတယ်။

အတွင်းစိတ်နှလုံးသားတောင်ကနေ ကီကျင့်စဉ်တွေ၊ ဖင်းဂေါ့ ခန္ဓာကိုယ်ကျင့်စဉ်တွေ၊ ဓားသိုင်း.. စသည်ဖြင့်ပေါ့ အများကြီးကို နင်ရရှိခဲ့တယ်လေ။  အားလုံးက မဟာကောင်းကင်ဘုံရဲ့ တာအိုဖခင်ကြီးတွေအဆင့်အထိရောက်အောင် လမ်းညွှန်ထားတဲ့ ကျင့်စဉ်တွေချည်းပါ။ သူ့မှာ ၈၉ ပါးလျှို့ဝှက်နတ်သိုင်း၊ ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်း ၊ ဟုန်ယွိရဲ့ လေးအတတ်ပညာရပ် နဲ့ မီးနဂါးမျက်လုံး ပညာရပ်တွေ ရှိနေတယ်လေ။ လောကသုံးပါးရဲ့ အစွမ်းအထက်ဆုံးသော နတ်ဘုရားသိုင်းပညာတွေပေါ့။ ဒီပညာတွေကို လေ့ကျင့်ဖို့အတွက် သူ အချိန်ပေးရဦးမယ်လေ။

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now