ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 20
Chapter 1 (မြားတစ်ချောင်း)တကယ်တော့ မင်းသမီးရှီးယွဲ့လည်းသိပါတယ်။ ဒီသခင်လေးက စိတ်ထားကောင်းသူ မဟုတ်ဘူဆိုတာကိုပေါ့။ ဂျိနင်က သူမအတွက် သည်းခံနေခဲ့ပေမဲ့လည်း သူ့အရိုးထိအောင်တော့ မာနရှိသူတစ်ဦးပါ။ ဒါကြောင့် အချိန်ပိုကြာလာလေလေ ပြသနာတွေ ဖြစ်လာနိုင်လေလေပဲလေ။ သူမလည်းချက်ချင်းပဲ သဘောတူလိုက်ပါတယ်။
“ကောင်းသားပဲဂျိနင်။ ကောင်းကင်ရတနာ တောင်ကြီးကို သွားဖို့ရှိနေတာ သွားလိုက်လေ။ ငါတို့တွေ နောက်မှ ပြန်ဆုံတာပေ့ါ။”“ကောင်းကင်ရတနာ တောင်ကြီး…”
သခင်လေး ယန်ပန်းလည်း မျက်ခုံပင့်ပြီးတော့ နင်ကို လှမ်းကြည့်လိုက်ပါတယ်။ ပြီးတာနဲ့ ချက်ချင်းဆိုသလို ပြောလိုက်ပါတော့တယ်။
“ရှီးယွဲ့.. ငါတို့တွေ ကောင်းကင်ရတနာတောင်ကြီးကို အတူတူမသွားရတာတောင် တော်တော်ကြာနေပြီနော်။ ညီလေး ဂျိနင်က သွားမယ်ဆိုတော့.. သူနဲ့ အတူတူလိုက်သွားရအောင်လေ။ ယန်ဂု.. မင်းကောလိုက်မလား..။”ဖန်းယန်ဂုက တချိန်လုံး တိတ်တဆိတ်ပဲ ထိုင်နေခဲ့တာပါ။ သခင်လေး ယန်ပန်းပြောလိုက်တဲ့ စကားကို ကြားလိုက်တော့ ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပါတော့တယ်။
“ကောင်းသားပဲ..။”နင်လည်း မျက်မှောင်ကြုတ်လိုက်မိပါတယ်။ သူ့အမ၀မ်းကွဲ လက်ထပ်လိုတဲ့ ဒီပုဂ္ဂိုလ်က တေ်ာတော်ကြီးကို ပျော့ညံ့နေတယ်လေ။
“ရှီးယွဲ့.. ”
သခင်လေး ယန်ပန်းလည်း မင်းသမီးရှီးယွဲ့ လှမ်းကြည့်လိုက်တော့.. သူမလည်းခေါင်းပဲ ညိတ်လိုက်နိုင်ပါတော့တယ်။
“ကောင်းပြီလေ.. အတူတူသွားကြတာပေ့ါ..။”…
ဂျိနင်.. မင်းသမီးရှီးယွဲ့.. သခင်လေး ယန်ပန်း နဲ့ ဖန်းယန်ဂုတို့အားလုံးနောက်ကနေ နောက်လိုက်တွေ လိုက်ပါလာခဲ့ပါတယ်။ အားလုံးပဲ အင်မော်တယ် သင်္ဘောကြီးတစ်စင်းကိုပေါ်ကို တက်လို့သွားကြပြီး တော်၀င်ရှ အင်ပါရီယာ နန်းမြို့တော်ထဲ ခန်းနားကြီးကျယ်စွာ ပျံသန်း၀င်ရောက်လို့သွားကြပါတော့တယ်။
“ဒါက အရည်အသွေးမြင့် အင်မော်တယ်အဆင့် သယ်ယူပို့ဆောင်ရေး ယာဉ်ပဲလေ။ ဒါကို အဇူရာ၀င်ရိုးစွန်း နှစ်ခု ဝိညာဉ်နဲ့ ပေါင်းစည်းထားတာဆိုတော့.. အမြန်နှုန်းက ထိပ်တန်းအဆင့် အင်မော်တယ် သယ်ယူပို့ဆောင်ယာဉ်နဲ့ ယှဉ်လို့ရတယ်လေ။”
သခင်လေး ယန်ပန်းက ဂုဏ်ယူ၀င့်ကြွားစွာ ပြုံးပြီးတော့ပြောလိုက်ပါတယ်။
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda