Book 20 Chp 10

63 6 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 20 
Chapter 10 (တိုက်ခိုက်ပြီဆို မသနားနဲ့)

“အန္တရာယ်…”
အင်မော်တယ် အရူးမီးတောက်ကော ၊ ရေမြေခွေးဖြူကြီးပါ ကြောင်အလို့ သွားပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဂျိနင်ကို သံသယ ၀င်မနေခဲ့ပါဘူး။ အချိန်နည်းနည်းကြာလာတဲ့အခါမှာတော့ သူတိုရဲ့ မသိစိတ်အာရုံကလည်း အန္တရာယ် အငွေ့အသက်ကို ခံစားမိလာခဲ့ပါပြီ။

အင်မော်တယ် အရူးမီးတောက်လည်း ရင်ထဲ စိမ့်ပြီးသွားခဲ့ပါတယ်။
“ဘယ်လောက်တောင် ကြီးမားလှတဲ့ အန္တရာယ်လဲ..။ ဘာဖြစ်လို့ ဒီလောက်အထိကို ခြောက်ခြားသွားရတာလဲ…။ ဘာမှတောင်မ ထူးခြားတာ မဖြစ်ပေါ်လာသေးပဲနဲ့ ငါခြောက်ခြားနေပါလား..။”

“ဂျိနင်”
အင်မော်တယ် အရူးမီးတောက်က နင်ကို လှမ်းကြည့်လိုက်ပါတယ်။

“ဦးလေးဖြူ… ၀င်္ကဘာကို ထုတ်သုံးဖို့ အသင့်ပြင်ထားတော့..။ ဘယ်သူမှ ဆရာ့အနားကို မကပ်လာစေနဲ့..။ အစ်ကိုကြီး အရူးမီးတောက်.. သတိထားပါ…။”
သူညွှန်ကြားလိုက်ပြီးတော့ ပတ်၀န်းကျင်ကို မီးလျှံ မျက်လုံးနဲ့ မပြတ်အကဲခတ်နေခဲ့ပါတယ်။

အရာ၀တ္ထုအားလုံးပေါ်မှာ ထင်ဟပ်လို့နေတဲ့ အလင်းရောင်အားလုံး.. အဝေးနေရာက အလင်းရောင်တွေအားလုံးဟာ နင်ရဲ့မျက်လုံးထဲကို ၀င်လို့လာခဲပြီလေ။

ကီလိုမီတာ ၆၀၀၀ ကျော်အကွာမှာတော့…

“သူတို့တွေအဲ့မှာ…”
သူတို့ဆီကို ပျံသန်းလို့လာနေတဲ့ အနက်ရောင် သင်္ဘောကြီးတစ်စင်းကို နင်ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ပါပြီ။ သဘောင်္နက်ကြီး အထက် ကုန်းပတ်ပေါ်မှာတော့ လူရိပ် ၈ ခု ရှိနေလို့ပါ။ ခေါင်းဆောင်ကတော့ အံ့မခန်း ရက်စက်မှု အရှိန်အဝါတွေ ဖြာထွက်လို့နေတဲ့ သွေး၀တ်စုံကို ၀တ်ဆင်ထားတဲ့ လူကြီးပါ။ သူ့အနောက်မှာတော့ အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားကြသူတွေပါ။

အားလုံးက စတေးဝါးတား ပြည်နယ်ထဲက နာမည်ကြီးလှတဲ့ လွတ်မြောက်အင်မော်တယ်တွေနဲ့ မြေကမ္ဘာအင်မော်တယ်တွေဆိုတာကို နင်သိလိုက်ပါပြီ။ သူတို့ရဲ့ ပန်းချီကားတွေကို မှတ်တမ်းစာအုပ်ထဲမှာ သူတွေ့ဖူးခဲ့တယ်လေ။

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now