Book 16 Chp 17

62 9 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 16 
Chapter 17 (အင်မော်တယ် ကံကြမ္မာပြိုင်ပွဲ ဆုကြေး)

အချိန်တော်တေ်ာကြာသွားပြီးတဲ့အခါမှာတော့ နောက်ထပ် တန်ခိုးရှင် ၁၆ ဦးတိမ်တွေအထက်မှာ ပေါ်လာခဲ့ပါပြီ။ ဒီ ၁၆ ယောက်လုံးက စုတ်ပြတ်သတ်လို့နေပြီး ဒဏ်ရာအကြီးအကျယ် ရထားကြပါတယ်။

“အားလုံးစုံပြီ…”
သရဖူ ဆောင်းထားတဲ့ လူကြီးက လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ သက်တန့်ရောင်အလင်းတန်းတစ်ခု ကောင်းကင်ထက်နေ နင်တို့ ၉၆ ဦးခန္ဓာကိုယ်ပေါ်ကို ဖြာကျလို့လာခဲ့ပါပြီ။ သက်တန့်နဲ့အတူ မိုးရေစက်တွေဟာ အားလုံးရဲ့ ခန္ဓာကိုယ်ထဲ စိမ့်၀င်သွားခဲ့ကြပြီး အကြီအကျယ်ဒဏ်ရာရနေသူ အားလုံးရဲ့ ခန္ဓာကိုယ်ကို ချက်ခြင်းပဲ အကောင်းပကတိ ဖြစ်သွားစေခဲ့ပါတယ်။ အားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့ကြပါပြီ။ တိုက်ပွဲမှာ အချိန်အကြာကြီး တိုက်ခိုက်ခဲ့ရလို့ နတ်ဘုရားစွမ်းအင်တွေ ကီစွမ်းအင်တွေ ကုန်ခမ်းနေကြတဲ့ လူတွေတောင်မှ စွမ်းအင်တွေ ပြန်ပြည့်သွားခဲ့ပြီလေ။ နင်တို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတော့တယ်။

“မှတ်ထားကြနော်… မိုးကောင်းကင်အလင်းရောင် နန်းတော်ရဲ့ ပင်မဧည့်ခန်းမထဲမှာ ကောင်းကင်အင်မော်တယ် တစ်ထောင်ကျော် ရှိနေတယ်။ ပြီးတော့ အင်ပါရီယာပြည့်ရှင်မင်းမြတ်နဲ့ လောကသုံးပါးရဲ့ သန့်စင်သောယန် အစစ်အမှန်အင်မော်တယ် ကိုးဦးလည်း ရှိနေကြတယ်။ မင်းတို့တွေ သတိနဲ့နေကြ။ အစစ်အမှန်အင်မော်တယ်ကို မင်းတို့ အပြစ်ပြုမိရင် နေရာတင် အသက်ပျောက်သွားလိမ့်မယ်။ ပြီးမှ ငါ့ကို သတိမပေးထားဘူး မပြောကြနဲ့။”
သရဖူနဲ့ လူကြီးက ၉၆ ယောက်လုံးကို ဝေ့ကြည့်လိုက်ပါတယ်။ ၀တုတ်လေးကိုတော့ သူတခဏလောက် ပိုကြီးစိုက်ကြည့်မိပါတယ်။ ၀တုတ်လေးက သူ့ကို ပြန်ပြုံးပြလိုက်ပါတယ်။

“ငါ့အမိန့်ကိုနာခံကြလော့.. သွားကြမယ်။”
သရဖူနဲ့ လူကြီးက အမိန့်ပေးလိုက်ပါတယ်။

သူအရှေ့ကနေ ဦးဆောင်သွားနေခဲ့ပါပြီ။ နင်နဲ့ ကျန်တဲ့ ၉၆ ယောက်လုံး အနောက်ကနေ လိုက်ပါသွားခဲ့ကြပါတယ်။ ကျယ်ပြောလှတဲ့ နန်းတော်ခန်းမထဲ သူတို့တွေ ရောက်လာခဲ့ကြပါပြီ။ မိုးကောင်းကင်အလင်းရောင်နန်းတော်ကြီးရဲ့ ပင်မ ဧည့်ခန်းမမှာ မျက်နှာကျက်မရှိပါဘူး။ မျက်နှာကျက်နေရာမှာတော့ မဟာမိုးကောင်းကင်ကြီးပဲ ရှိနေပါတယ်။

ဂျိနင် Book 16 & 17 & 18 & 19 & 20Donde viven las historias. Descúbrelo ahora