ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 19
Chapter 2 (ထွန်ခြစ်အလား ဓားနှင့် လယ်ကွယ်သဖွယ် ကောင်းကင်ဘုံ)ကျန်ရစ်နေတဲ့ မိစ္ဆာသားရဲဘုရင်ကြီး ၁၁ ဦးဟာ အရမ်းကို ဒေါသထွက်လို့သွားခဲ့ပြီး အံကိုတင်းတင်းကြိတ်လိုက်ကြပါတယ်။ သူတို့တွေ ဒီလောက်အထိ အရမ်းနာမည်ကြီးလာရတဲ့ အဓိက အကြောင်းအရင်းကလည်း မဟာတိမ်ပျံ၀က်ဝံ ၀င်္ကဘာကို တီထွင်နိုင်ခဲ့ကြလို့ပါ။ ဒါက သူတို့ ၁၂ ဦးအတွက် အရမ်းကို သင့်တော်တဲ့ ၀င်္ကဘာပေါ့။ ရွှေ၀က်ဝံ ဘုရင်ကြီးက ၀င်္ကဘာရဲ့ ဗဟိုချက်မကို နေရာယူပြီး ကျန်တဲ့ မိစ္ဆာသားရဲ ဘုရင်ကြီး ၁၂ ဦးက သူ့ကို ဝိုင်း၀န်းကူညီပေးရတာပါ။ ဒီမှာ ၀င်္ကဘာက အင်မတန် ကြီးမားတဲ့ ၀က်ဝံပျံကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားပါလိမ့်မယ်။ ဒါက တိုက်ခိုက်ဖို့အတွက်ကော.. ခုခံကာကွယ်ဖို့အတွက်ပါ အရမ်းကို အသုံး၀င်တဲ့ ၀င်္ကဘာပါ။ ကောင်းကင်အင်မော်တယ် ဂိုဏ်းချုပ်ကြီးတောင်မှ ၀င်္ကဘာကို ရင်ဆိုင်လိုက်ရတာနဲ့ ထွက်ပြေးသွားကြမှာ မလွဲပါဘူး။ ဒီ၀င်္ကဘာသာ တကယ် အသုံးပြုဖြစ်ခဲ့ရင် နင်လည်း ထွက်ကို ပြေးရတော့မှာပါ။
ဒါပေမဲ့… မီးလျှံတောင်ပံ ဘုရင်ကြီး အသက်ပျောက်သွားခဲ့ပြီလေ။ သူက ၀င်္ကဘာမှာ ဗဟိုချက်တောင်ပံ အစိတ်အပိုင်းအတွက် တာ၀န်ယူပေးရတာပါ။ သူမရှိတော့တာနဲ့ အရမ်းကို ရှုပ်ထွေးနက်နဲတဲ့ မဟာတိမ်ပျံ၀က်ဝံ ၀င်္ကဘာကို အစွမ်းကုန် ထုတ်သုံးလို့ မရတော့ပါဘူး။
“သူက ငါတို့ကို လိမ်သွားတာ…”
“သူတောင်းစားလေး…”
“ဘာဖြစ်လို့ ဒီလူကောင်လေးက ဒီလောက်အထိ အစွမ်းထက်နေရတာလည်း။ သူလို လူမျိုး ကြယ်တာရာကုန်းမြေတိုက်ကြီးမှာ ရှိတယ်လို့ ငါကြားတောင် မကြားဖူးဘူး။ တိမ်တိုက်ကော မီးလျှံ ကုန်းမြေတိုက်ကြီးတွေကောပဲ…။”
မိစ္ဆာသားရဲဘုရင်ကြီးတွေ တကယ်ကို မမျှမတ လှည့်စားခံလိုက်ကြရတာပါ။ ကောင်းကင်အင်မော်တယ် တစ်ဦးလောက်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မှသာ မီးလျှံတောင်ပံ ဘုရင်ကြီးကို အချိန်တိုလေးအတွင်း သတ်ဖြတ်နိုင်မှာပါ။ ဒီလို ကောင်းကင်အင်မော်တယ် တစ်ဦးလောက်ကို စွမ်းတဲ့သူတွေအားလုံးဟာလည်း အရမ်းကို ကျော်ကြားကြပါတယ်။ ပြီးတော့ နင်က အခုမှ အစောပိုင်း မြေကမ္ဘာအဆင့်ကို ရောက်လာခဲ့တာဖြစ်လို့သူရဲ့ ဥာဏ်အလင်းက မူလတာအိုအဆင့်နဲ့သိပ်ပြီး မတိမ်းမယိမ်းပဲ ရှိပါသေးတယ်။ ဒါ့အပြင်ကို သူ့ရဲ့ ကီစွမ်းအင်အဆင့်က အထွတ်အထိပ် မြေကမ္ဘာအဆင့်ဖြစ်တဲ့ မိစ္ဆာသားရဲ ဘုရင်ကြီး ၁၂ ပါးထက်ကို အဆင့် သုံးဆင့်လောက် နိမ့်လို့နေဆဲပါ။ မိစ္ဆာသားရဲ ဘုရင်ကြီးတွေအားလုံးမှာလည်း အင်မော်တယ်အဆင့် မှော်၇တနာတွေ ရှိနေသေးတယ်လေ။
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda