ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 17
Chapter 1 (ဂျိနင်ရဲ့ နတ်ဘုရားသိုင်း)“ဂျိနင်နိုင်သွားပြီ..”
“စတေးဝါးတားပြည်နယ်က အဖြူအနက်ကောလိပ်ရဲ့ ဂျိနင်နိုင်သွားပြီ။”
အင်ပါရီယာ နန်းတေ်ာရဲ့ ပွဲကြည့်စင်မြင့်ထက်မှာ ဆူညံနေလို့ပါ။ ၃၆၀၀ သော ပြည်နယ်ကြီးတွေနဲ့ ပင်လယ်ကြီးလေးခုက ဧည့်သည်တော်တွေ နောက်ဆုံးတိုက်ပွဲအကြောင်း စိတ်၀င်တစား ဆွေးနွေးနေကြလို့ပါ။ အရမ်းကို ကြည့်လို့ကောင်းတဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ တခြားပြိုင်ပွဲ၀င်တွေဖြစ်တဲ့ ရှမင်ဇီရှန်တို့ သူတော်စင် သေခြင်းကိုးပါးတို့ ၀တုတ်လေးတို့စတဲ့တန်ခိုးရှင် ဆိုရင် လက်ဝါးတွေ တောင်ဝှေးတွေကို အသုံးပြုတိုက်ခိုက်ကြမှာပါ။
သူတို့တွေ တိုက်ခိုက်မယ်တိုရင် သိုင်းကွက်တွေ ပိုပြီးတော့ ဆန်းကျယ်လေးနက်ကောင်းလေးနက်ပါလိမ့်မယ်။ ဒါပေမဲ့ ရက်စက်မှုအရှိန်အဝါမှာတော့ ဓားတာအိုနဲ့ ဆေဘာဓားတာအိုကို မမှီနိုင်ပါဘူး။ ဓားတန်ခိုးရှင်နဲ့ ဆေဘာဓားမိစ္ဆာတွေက တိုက်ခိုက်မှုသီးသန့်တန်ခိုးရှင်တွေပါ။ အစောပိုင်းကလည်း ပြိုင်ဘက်ရန်သူတွေအားလုံးကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူတို့တွေ အချင်းချင်း တိုက်ခိုက်ကြရပါပြီ။ ဓားတန်ခိုးရှင်ရဲ့ အစွမ်းအစနဲ့ ဆေဘာဓားမိစ္ဆာရဲ့ အစွမ်းအစအားလုံးကို မခြွင်းမချန် အသုံးပြု တိုက်ခိုက်ခဲ့ကြပါတော့တယ်။
တိုက်ပွဲမြင်ကွင်းကြောင့် အားလုံးမှင်သက်ငေးမောလို့ သွားကြရပါတယ်။
ဓားအလင်းနဲ့ ဆေဘာဓားအလင်းတွေ .. ဓားခုတ်ချက်တွေအားလုံးဟာ မူလတာအို တန်ခိုးရှင်တစ်ဦးကို အသက်နှုတ်လိုက်နိုင်ပါတယ်။
…
နင်လည်း မိုးကောင်းကင်အလင်းရောင်နန်းတော်ကြီးရဲ့ ပင်မဧည့်ခန်းမဆောင်ထဲကို ပြန်၀င်လာခဲ့ပါပြီ။ ယန်ဘုရင့် အနောက်နားမှာ ရှိနေတဲ့ ၀တုတ်လေး၊ ယူချီရှီးယွဲ့ နဲ့ ယုဝေတို့နား ၀င်ထိုင်လိုက်ပါတော့တယ်။
ဧည့်ခန်းမဆောင်ကြီးထဲက လူတော်တော်များများ နင်ကို ကြည့်နေလို့ပါ။
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda