ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 16
Chapter 9 (ဂျိနင်နှင့် ရှမင် ဇီရှန်တို့ တိုက်ပွဲ)“ဒါက အဆိပ်ငရဲ လင်းတလျှို့ဝှက်သိုင်းပဲ…”
ဘာပညာရပ်လည်းဆိုတာကို နင်သဘောပေါက်လိုက်ပါပြီ။ ချန်းဝူကျူးဟာ ကျော်ကြားခဲ့တာ ကြာမြင့်လွန်းလှပါပြီ။ ဒီ အဆိပ်ငရဲလင်းတက သူ့ရဲ့ သင်္ကေတတစ်ခုအလားပါပဲ။ ဒီ အဆိပ်ငရဲလင်းတကြီးက မြောက်များလှစွာသော မှော်ရတနာတွေရဲ့ ၀င်္ဂဘာကနေ ဖွဲ့စည်းဖြစ်ပေါ်လာခဲ့တာပါ။ ချန်းဝူကျူးကိုယ်တိုင်ကတော့ အဆိပ်ငရဲ နဂါးကြီးရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေပါတယ်။ ဒီ လင်းတကြီး ပျက်ဆီးပျောက်ကွယ်သွားမယ်ဆိုတာနဲ့ ချန်းဝူးကျူးက ထွက်ပေါ်လာပြီး အနီးကပ်တိုက်ခိုက်မှာပါ။ယုဝေလည်း အဝေးကို ညွှန်ပြလိုက်ပါတယ်။
၀ှစ်
၇၂ခုသော ရာဟူး နတ်ဘုရားအပ်ပျံတွေဟာ လေထဲမှာ ရုတ်တရက် ဝဲပျံပြီး ပေါ်လာခဲ့ပါပြီ။ ကီစွမ်းအင်တွေကို အသုံးပြုပြီးတော့ ကမ္ဘာရဲ့ သဘာ၀ စွမ်းအင်တွေကို လှုံ့ဆော်လိုက်တဲ့အခါမှတော့ အင်မတန်ကြီးမားတဲ့ ရေခဲ နဲ့မီး ဇာမဏီ ငှက်ကြီးနှစ်ကောင် ပေါ်ထွက်လာခဲ့ပါပြီ။ မီးငှက်ကြီးနှစ်ကောင်ဟာ လေကိုခွင်းပြီးတော့ လင်းတနက်ကြီးဆီကို ဦးတည်ပျံသန်းသွားပါတော့တယ်။
“ဂရီး….”
လင်းတနက်ကြီးလည်း မြည်တမ်းသံတစ်ချက်ပေးလိုက်ပြီးတော့ လက်သည်းကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ကုတ်ချလိုက်ပါတော့တယ်။ရေခဲနဲ့ မီး ဇာမဏီငှက်ကြီးနှစ်ကောင်လည်း ရင်ဆိုင်တိုက်ခိုက်လိုက်ကြပါတယ်။ ဒါပေမဲ့ နှစ်ကြိမ်တိတိ ရင်ဆိုင်မိပြီးတဲ့အခါမှာတော့ သူတို့ခန္ဓာကိုယ်တစ်ခုလုံးမှာ အက်ကြောင်းတွေ အပြည့်ပေါ်လာခဲ့ပါပြီ။ တတိယအကြိမ် ရင်ဆိုင်ပြီးတဲ့အခါမှာတော့ ဇာမဏီငှက်ကြီးနှစ်ကောင်လုံး ကွဲကြေပျောက်ကွယ်သွားကြပါပြီ။ ရာဟူး နတ်ဘုရား အပ်ပျံပေါင်း ၇၂ချောင်းလည်း အဝေးကို လွင့်စင်သွားပါတော့တယ်။
“နိုးထလော့..”
နင်လည်း မတ်တပ်ရပ်လို့နေပါတယ်။ သူ့၀န်းကျင်မှာတော့ ရေမီးကြာပန်း ထွက်ပေါ်လာခဲ့ပါပြီ။ ရေမီးကြာပန်းတွေက သူ့ကို၀န်းရံနေလို့ပါ။ ကြာပန်းရွက်လေးတွေကတော့ ယိမ်းထိုးလှုပ်ရှားလျက်…။
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda