Book 19 Chp 1

60 7 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 19 
Chapter 1 (မိုးထိအောင် ထိုးတက်နေသော မဟာပြစ်မှု အရှိန်အဝါများ)

ဂျိနင်နဲ့ မီးလျှံတောင်ပံ ဘုရင်ကြီးရဲ့ အသံတွေဟာ တော်တော်ကြီးကို ကျယ်လောင်လှပါတယ်။

“မင်းတို့က အရှေ့ပိုင်းရေစီးကြောင်းရဲ့ မိစ္ဆာသားရဲ ဘုရင်ကြီး ၁၂ ဦးလား..။”

“… မင်းဆရာကို မြန်မြန် ထွက်လာခိုင်းလိုက်…။”

မိုးကောင်းကင်တခွင် ပဲ့တင်သံထပ် ထွက်ပေါ်နေတဲ့ အသံနက်ကြီးတွေကြောင့် ချီအင်ပါရီယာ ကလန်သားတွေလည်း တုန်လှုပ်လို့ သွားကြပါတယ်။ သူတို့တွေလည်း အင်မော်တယ် နန်းတော် တံခါး၀အထိကို ထွက်လာပြီး လှမ်းကြည့်မိလိုက်ပါတော့တယ်။

အိမ်ရှေ့မင်းသား ချီရူဖန်း နဲ့ ဒုတိယ အင်းသမီး ချီရူယု၊ နင်ရဲ့ တပည့် တောင်ပြာတန်း ရှောင်ယု နဲ့ ချီကလန်ရဲ့ အမှုထမးအားလုံး ဂိတ်တံခါး၀ကနေ မျှော်ကြည့်လိုက်မိကြတာပါ။ နင်က တောင်ထွတ် တစ်နေရာမှာ အရက်ခွက်ကို ကိုင်ရင်းနဲ့ မတ်တတ်ရပ်နေဆဲပါ။ အဝေးက ကောင်းကင်ပြင်တနေရမှာတော့ မရေမတွက်နိုင်တဲ့ မိစ္ဆာသားရဲ စစ်သည်တွေ တိမ်တိုက်စီးရင်းချီတက်လို့ လာနေပါတယ်။

“ဒါက မီးလျှံတောင်ပံ ဘုရင်လား…”
ချီရူဖန်း မျက်နှာပျက်လို့သွားပါတယ်။ ဒီပုံသဏ္ဌာန်ကို  သူတခါမှ မမေ့ခဲ့ဖူးပါဘူး။ ဒါက ထာ၀ရ အိပ်မက်ဆိုးကြီးပဲလေ။

ဒါပေမဲ့ အခုမီးလျှံတောင်ပံဘုရင်ကြီး ရင်ပေါင်းတန်းပြီး လာနေတာ စုစုပေါင်းကို ၁၂ ဦးတိတိ ဖြစ်လို့နေပါတယ်။
“ရွှေ၀က်ဝံ ဘုရင်ကြီး၊ နှင်းမြေခွေး ဘုရင်ကြီး… မမှားနိုင်ဘူး။ ဒါက အရှေ့ပိုင်း ရေစီးကြောင်းရဲ့ မိစ္ဆာသားရဲ ဘုရင်ကြီး ၁၂ ပါးပဲ။ ချီအင်ပါယာမှာ သူတို့ရဲ့ ပုံသဏ္ဌာန် အတိအကျကို မှတ်တမ်းတင်ထားတယ်။”
ချီရူဖန်း မျက်နှာသွေးမရှိတော့ပါဘူး။
“၁၂ ဦးလုံးရောက်လာတယ်လား…။”

“အားလုံးရောက်လာကြတယ်။ မီးလျှံတောင်ပံ အစောင့်အရှောက် ရာကျော်ပဲ သေသွားတာလေ။ ဘာဖြစ်လို့ ၁၂ ဦးလုံးရောက်လာကြတာလည်း။”
အနက်ရောင် ၀တ်စုံ၀တ် မင်းသမီးလေးလည်း မျှော်လင့်ချက်မဲ့ စိတ်ဓာတ်ကျလို့ သွားခဲ့ပါပြီ။

ဂျိနင် Book 16 & 17 & 18 & 19 & 20Tahanan ng mga kuwento. Tumuklas ngayon