ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 16
Chapter 3 (ပန်းချီကားထဲက ဘ၀)သန့်စင်သောယန် အစစ်အမှန် အင်မော်တယ်တွေလည်း တောင်တန်းနှင့်မြစ်ပြင်တို့၏ လင်းလက်နေသော လမင်း အင်းကွက် ပန်းချီကားဆီကို အကြည့်ရောက်သွားခဲ့ပါပြီ။ ရှအင်ပါယာ စိတ်ပျက်လို့သွားပါတယ်။ သူ့စိတ်ထဲကနေ ကြိတ်ပြုံးလိုက်ပြီးတော့…
“လောကသုံးပါးကို ကပ်ဘေးကြီးဆိုက်ကပ်လာတော့မှာသေချာနေပြီပဲ… တကယ့်အင်အားစုကြီးတွေအားလုံး ပြင်ဆင်မှုတွေ လုပ်နေကြပြီ။ ငါ့ရဲ့ ဆရာ တာအိုဖခင်ကြီး သွေးနီ လည်း အတိတ်အချိန်တုန်းက လူတုံပင်ကို သင်ကြားပြသပေးဖူးတယ်။ သူ့အရင်ဘ၀တုန်းက လူတုံပင်က ငါနဲ့ အရမ်းကို ရင်းနှီးခဲ့တယ်လေ။ သူက ပြသနာ မဟုတ်ဘူး.. တကယ့်ပြသနာက ဒီ ဗောဓိသတ္တ မဟာသမပရတ္တ ပဲ…။”လောကသုံးပါးရဲ့ ခမ်းနားကြီးကျယ်တဲ့ အင်အားကြီးတွေက အဖွဲ့လိုက်အဖွဲ့လိုက်ကို ရှိနေတာ … ရှအင်ပါရီယာပြည့်ရှင် နားလည်ပါတယ်။
ဒီနေ့ရောက်လာခဲ့တဲ့ သန့်စင်သောယန် အစစ်အမှန်အင်မော်တယ်တွေအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အင်အားကြီး ပုဂ္ဂိုလ်ကြီးတွေအားလုံးက သူ့ဆရာ တာအိုဖခင် သွေးနီ နဲ့ ဆက်ဆံရေးမှာ သင့်မြတ်နေတဲ့ လူတွေဖြစ်နေလို့ တော်သေးတယ်။ ဒီ မဟာသမပရတ္တ တစ်ဦးတည်းပဲ… သူက ဗုဒ္ဓလမ်းစဉ်လျှောက်သူလေ။ တာအိုဖခင်ကြီး သွေးနီနဲ့ သူရဲ့ဆက်ဆံရေးက သင့်မြတ်လှတယ်လို့ ပြောလို့လည်းမရဘူးလေ။ ဒါပေမဲ့ သူတို့က ရန်သူတော်တွေလည်း မဟုတ်ကြပါဘူး။
“ငါ ဂရုစိုက်မှဖြစ်မယ်။ မဟာသမပရတ္တက ဒီပြိုင်ပွဲ၀င်တစ်ယောက်ယောက်ကို သဘောကျသွားလို့ရှိရင် တိတ်တိတ်လေး ဖမ်းဆီးသွားနိုင်တယ်။ ”
ရှအင်ပါရီယာပြည့်ရှင်လည်း တွေးနေမိပါတယ်။ပန်းချီကားထဲမှတော့…
တောင်ပုလေးတစ်လုံးအထက်မှာ နင်ရှိလို့နေပါတယ်။ သူ့ကိုယ်ခန္ဓာမှာတော့ သစ်ပင်တွေ ခြုံနွယ်တွေ ဖုံးလွှမ်းနေလို့ပါ။
“အင်မော်တယ် တိမ်ပျံကို မသတ်ခင်တုန်းကဆို ငါက ကောင်းကင်ရတနာတောင်ကြီးရဲ့ မှတ်တမ်းထဲမှာ သာမန်မထင်မရှား လူလေးတစ်ယောက်ပဲ ရှိသေးတယ်။ သူ့ကိုသတ်ပြီးမှ ငါ့နာမည်က တော်၀င်ရှ အင်ပါယာတခွင်ကို အကြီးအကျယ် ပျံံ့နှံသွားခဲ့တာ။ ဒီ မှတ်တမ်းကလည်း ငါ့ကို အများကြီး ချီးကျူးထားပြန်တယ်။ ငါ့မှာ ထိပ်တန်းအယောက်တစ်ရာထဲ ၀င်နိုင်လောက်တဲ့ စွမ်းရည်ရှိနေပြီဆိုပြီး သတ်မှတ်ပစ်ခဲ့ကြတယ်။”
နင် ကူကယ်ရာမဲ့လို့ ဖြစ်နေပါတယ်။
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda