ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 17
Chapter 19 (တာအိုဖခင်ကြီးရဲ့ တပည့်ကြီး)၀ှစ်
သက်တန့်ရောင်အလင်းတန်းတွေက စကြာ၀ဠာ လျှောက်လမ်းထဲမှာ ပြည့်လို့နေပါတယ်။။ သခင်ကြီးကျန်းက ဂျိနင်တို့ကို ဦးဆောင်လမ်းပြ ခေါ်သွားနေပါတယ်။
“အဲ…”
နင်အံ့အားသင့်လို့ သွားပါတယ်။ ချွင်ချွင်ကော ရေမြေခွေးဖြူကြီးပါ အင်မတန် အံ့အားသင့်သွားကြပါတယ်။ စကြာ၀ဠာ လျှောက်လမ်းရဲ့ အရောင်တွေဟာ မီးလျှံလို အနီရောင်က ရေပြာရောင်အထိကို အရောင်စုံ ပြေးနေတာပါ။ ဒါပေမဲ့ သူတို့တွေက ရေလျှောက်လမ်းအတိုင်းလျှောက်လို့လာသလို ခံစားမိနေကြပါတယ်။ အခုဆို ရေနွေးတစ်အိုးကျက် အချိန်လောက်ကြာမြင်လို့နေခဲ့ပါပြီ။ ဒါပေမဲ့ သူတို့တွေ ဆက်ပြီးတော့ ပျံသန်းနေရဆဲပါ။“အကိုကြီးကျန်း…”
ဂျိနင် မေးလိုက်ပါတယ်။
“ဘာဖြစ်လို့ ကျွန်တော်တို့တွေ ဒီလျှောက်လမ်းထဲမယ် အချိန်အကြာကြီး ပျံနေကြရတာလည်း။ ဒီလို စကြာ၀ဠာ လျှောက်လမ်းတွေက အချိန်အကြာကြီး ဖြတ်ကျော်ပျံသန်းဖို့လိုအပ်တယ်လား…။”“မဟုတ်ဘူးကွ…”
၀တ်စုံဖြူ၀တ် သခင်ကြီးကျန်းက ခေါင်းကို ခါယမ်းလိုက်ပြီးတော့
“သာမန်အားဖြင့်တော့ ကမ္ဘာကြီးကနေ ထွက်ခွာမယ်ဆိုရင် လေဟာနယ်ကို ခွဲပြီးတော့ ကမ္ဘာကနေ ထွက်လာပြီး စကြာ၀ဠာထဲ ၀င်လာခဲ့ရုံပဲလေ။ ပြီးတော့မှ တည်နေရာ ရွေ့ပြောင်းပို့ဆောင်ခြင်း တံဆိပ်တော်အကြီးဖြစ်စေ မဟာ တည်နေရာရွေ့ပြောင်းပို့ဆောင်ခြင်း ပညာကို ဖြစ်စေ အသုံးပြုပြီးတော့ မင်းသွားလိုရာကို သွားလိုက်ရုံပဲလေ။ ဒါပေမဲ့ မင်းအခုသွားနေတာက ဆရာ့ရဲ့ ကြယ်သုံးလုံး လခြမ်းကွေး တဲအိမ်လေးလေ။ ဒီလောကသုံးပါးတခွင်မှာ အဆန်းကျယ်ဆုံးသော နေရာပေါ့။ သာမန်ပညာရပ်ကို အသုံးပြုပြီးတော ဆရာ့ဆီကို လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”“အိုး…”
နင်လည်းခေါင်းညိတ်ပြလိုက်ပါတယ်။“ငါက ဒီစကြာ၀ဠာ လျှောက်လမ်းကို ထိန်းချုပ်နေတာ မဟုတ်ဘူးနော်။ ဆရာက ငါတို့ကို လမ်းညွှန်ခေါ်သွားပေးနေတာ။”
သခင်ကြီးကျန်းက ဆက်ပြောလိုက်ပါတယ်။
“ဒီ စကြာ၀ဠာလျှောက်လမ်းအတိုင်း ကြယ်သုံးလုံး လခြမ်းကွေး တဲအိမ်လေးကို တန်းပြီးတော့ သွားလို့ ရတယ်လေ။”
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda