Book 30 Chp 20

112 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 20 
Chapter 20 (တိုင်းရေးပြည်ရေး)

ခြံ၀င်းတံခါးကို သူတွန်းဖွင့်လိုက်ပါတယ်။ ဒါကတော့ အရမ်းကိုကျယ်၀န်းတဲ့ခြံ၀င်းကြီး တစ်ခုဖြစ်ပြီးတော့ စပျစ်သီးတွေ၊ မိုးမခပင်တွေ၊ ပန်းသီးပင်တွေနဲ့ တခြားသစ်ပင်ပန်းပင်ပေါင်းစုံ ရှိလို့နေပါတယ်။ ဒါပေမဲ့ အခုက ဆောင်းရာသီဖြစ်လို့ အားလုံးဟာ အထီးကျန်ခြောက်သွေ့နေကြလို့ပါ။

ဒါက သာမန်လူသားတစ်ဦးရဲ့ အိမ်၀င်းတစ်ခုအဖြစ်သာ နင်ထင်မိခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ အဝေးက မီးခိုးရောင် ၀တ်စုံ၀တ် လူငယ်တစ်ဦးကို နင်မြင်လိုက်ရပါပြီ။ မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့ လူငယ်လေးက မိုးမခသစ်ပင်ကြီးကို ကြည့်လိုက်ပြီး
“တော်၀င်ရှကို ငါပြန်မရောက်လာခဲ့တာ ကြာလှပြီ..။ ဒါပေမဲ့ ဒီ ခြံ၀င်းလေးက အတိတ်အချိန်တုန်းကအတိုင်းပဲ..ဘာမှကို မပြောင်းလဲခဲ့သေးဘူး..။ ခါးကုန်းကြီးမွန့်ရေ .. ကျေးဇူးကမ္ဘာပါကွာ..။”

“ဒီနေရာတစ်ခုထဲမှာပဲ အစ်ကိုကြီးက နေချင်တာလေ။ ဒါကြောင့် ကျွန်တော် သေချာထိန်းသိမ်းပေးထားတာပေါ့..။”
ကောင်းကင်အင်မော်တယ်ခါးကုန်းကြီးက ပြောလိုက်ပါတယ်။

မီးခိုးရောင် ၀တ်စုံ၀တ် လူငယ်လေးလည်း သူတို့အားလုံးကို လှည့်ကြည့်လိုက်ပါပြီ။

နင်ကော အင်မော်တယ် ဒန်ချိုင်ပါ ကြောင်အလို့ သွားခဲ့ကြပါတယ်။ ဒီ မီးခိုးရောင် ၀တ်စုံ၀တ် လူငယ်လေးရဲ့ အကြည့်က ရေခဲရေကန်ထဲကိုနစ်မြုပ်သွားတဲ့အလား စူးရှ အေးစက်လွန်း နေလို့ပါ။ သူ့ရဲ့ အရှိန်အဝါဟာ တကယ်ကို ဆန်းကျယ် လေးနက်လွန်းနေပါတယ်။ သူ့အကြောင်းကို သူတို့နှစ်ဦးလုံးနည်းနည်းပါးပါး သိထားပေမဲ့လည်း .. နင်ကော၊ အင်မော်တယ် ဒန်ချိုင်ကော ခံစားမိတာကတော့… သူတို့တွေသာ တကယ် တိုက်ခိုက်ဖြစ်ကြမယ်ဆိုရင်…ဒီလူကို ယှဉ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။

“သူက ကောင်းကင်အင်မော်တယ်တွေထဲမှာမှ တကယ့်ကို မဟာပုဂ္ဂိုလ်ကြီး ဖြစ်ရမယ်။”
နင်လည်း စိတ်ထဲကနေ ကြိတ်ပြုံးလိုက်မိပါတယ်။ ကောင်းကင်အင်မော်တယ်တွေအကြားမှာ စွမ်းအင် အဆင့်အတန်း ကွားခြားချက်တွေ ရှိနေတယ်လေ။ နင်က မြေကမ္ဘာအဆင့် အင်မော်တယ်ပေမဲ့လည်း လွတ်မြောက်အင်မော်တယ်တွေ မြေကမ္ဘာအင်မော်တယ်တွေ အစုလိုက်အပြုံလိုက်ကို ရင်ဆိုင်သတ်ဖြတ်နိုင်သလိုပေါ့..။

You've reached the end of published parts.

⏰ Last updated: Apr 19, 2020 ⏰

Add this story to your Library to get notified about new parts!

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now