Book 19 Chp 4

61 6 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 19 
Chapter 4 (အောင်နိုင်ခြင်း)

အိမ်ရှေ့မင်းသားနဲ့ မင်းသမီးတို့ ငေးမောကြည့်နေမိကြဆဲပါ။ သူတို့အရှေ့က ပုဂ္ဂိုလ်ဟာ မူလတာအို အဆင့်ပဲ ရှိခဲ့တယ်လေ။ သူ့အတွက် မီးလျှံတောင်ပံ အစောင့်အရှောက် ရာနဲ့ချီပြီး သတ်လိုက်နိုင်တာက ဘာမှ မထူးဆန်းသေးပါဘူး။ ဒါပေမဲ့ သူက အရှေ့ပိုင်းရေစီးကြောင်းရဲ့ မိစ္ဆာသားရဲဘုရင်ကြီး ၁၂ ပါးထဲက ၈ ပါးကို သတ်လိုက်နိုင်တယ်လား။

သူတို့တွေ ကိုယ်တိုင် မကြုံတွေ့ခဲ့ရပေမဲ့လည်း သူတို့အရှေ့က အင်မော်တယ် မှော်ရတနာ လက်နက် ၁၀ ခုကျော်ဟာ တကယ်အစစ်တွေပါ။ ဒီကမ္ဘာလောကမှာ အုပ်စိုးလို့ထားကြတဲ့ မီးလျှံတောင်ပံ ဘုရင်ကြီးနဲ့ တခြားမိစ္ဆာသားရဲ ဘုရင်ကြီးတွေက ဆရာကြီးဒက်နော့ကို လက်ဆောင်အဖြစ် ပေးလိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတာကတော့ သူတို့တွေ နားလည်ကြပါတယ်။

“အစ်ကိုကြီး.. ကျွန်မတို့တွေကို တပည့်အဖြစ် လက်ခံပေးဖို့ ဆရာကြီး ဒက်နော့ကို သွားပြောကြရအောင်လေ။ ဒီအခွင့်အရေး ကျွန်မတို့ အခုဆုံးရှုံးသွားရင် ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူးနော်။ သူလိုပုဂ္ဂိုလ်မျိုးကို ကျွန်မတို့ တဘ၀လုံး ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူး။”
အနက်ရောင်၀တ်စုံ၀တ် မင်းသမီးက အသည်းအသန် ပြောလိုက်ပါတယ်။

“အမှန်ပဲ…”
အိမ်ရှေ့မင်းသားလည်း ခေါင်းညိတ်လိုက်ပြီး
“ဆရာကြီး ဒက်နော့က မိစ္ဆာသားရဲ ဘုရင်ကြီး ၁၂ ပါးထက်ကို အများကြီးပိုပြီး အစွမ်းထက်နေတာပဲ..။ သူက ချီအင်ပါယာထက်ကို အဆများစွာအစွမ်းထက်တာပေ့ါ…။”

အနက်ရောင် ၀တ်စုံ၀တ် မင်းသမီးလေးကလည်း တည်ကြည်လေးနက်စွာနဲ့
“မီးလျှံတောင်ပံ ဘုရင်ကြီးကအခုတော့သေသွားခဲ့ပြီလေ။ သူ့ရဲ့ လက်အောက်ငယ်သား မီးလျှံတောင်ပံ အစောင့်အရှောက်တွေလည်း ကြောက်အားလန့်အား ထွက်ပြေးကုန်ကြပြီ။ ငါတို့တွေက ဆရာကြီး ဒက်နော့ရဲ့ အကာအကွယ်အောက်မှာ ရှိနေတယ်ဆိုတာ သိထားကြတော့ ကျွန်မတို့ကိုလိုက်ဖမ်းတော့မှာ မဟုတ်ဘူး။ နောက်ဆိုရင် ကျွန်မတို့တွေ ထွက်ပြေးဖို့ မလိုအပ်တော့ဘူးလေ။”

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now