Book 16 Chp 20

109 9 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 16 
Chapter 20 (ဂျိနင်နှင့်ဆေဘာဓားကျွန်)

ဂျိနင်၊ ယုဝေ၊ ၀တုတ်လေးနဲ့ ယူချီရှီးယွဲ့တိုက ပြိုင်ပွဲ၀င် ၂၄ဦးနဲ့ ပတ်သက်ပြီး တီးတိုးဆွေးနွေးနေကြလို့ပါ။

“သူတော်စင် ဝုပတ်က ရန်သူတွေက သူ့ကို ဘယ်လိုပဲ တိုက်ခိုက်ပါစေ အမြဲတမ်းပဲ မတုန်မလှုပ်နဲ့ အနိုင်ရခဲ့တယ်။ အဲ့လိုပဲ..။”
ယုချီရှီးယွဲ့ သက်ပြင်းချလိုက်ပါတယ်။
“သူ့ ပညာတွေ လျှိုထားတယ်လို့ အမမြင်တယ်။”

“သူတော်စင် သေခြင်းကိုးပါး.. သူမရဲ့ ခန္ဓာကိုယ်က မှော်ရတနာလိုပဲလေ။ ဘယ်သူမှ သူမရဲ့ ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။”

“သူတော်စင် ရွှေကျီးကလန်ရဲ့ တိုက်ခိုက်မှုတွေက အရမ်းကိုပြင်းထန်ပြီး ရက်စက်လွန်းတယ်။”

“သူတော်စင် ဆေဘာဓားကျွန်က အရမ်းကိုကြောက်ဖို့ကောင်းတဲ့လူ…”

“ဂျိနင်.. ရှအင်ပါရီယာပြည့်ရှင်က မောင်လေးနဲ့ ၀တုတ်လေးကို ရင်ဆိုင်မတို်က်ခိုက်ခိုင်းလောက်ပါဘူးနော်။ ဟုတ်တယ်မလား။”

“ရှအင်ပါရီယာပြည့်ရှင်က ဒီလို မလုပ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်လုံး ထိပ်ဆုံး ၃ဦးထဲ ၀င်သွား၇င်တော့လည်း…။”

သူတို့တွေ ဆက်ပြီး ဆွေးနွေးနေကြပါတယ်။ အခုကျန်တဲ့ ဘယ်တန်ခိုးရှင်ကမှ လွယ်ကူတဲ့လူတွေ မဟုတ်ကြတော့ပါဘူး။ ဒီ ၂၄ယောက်လုံးကို ရှအင်ပါ၇ီယာပြည့်၇ှင်တော်တော်သဘောကျနေပါတယ်။ ဂျိနင်၊ သူတော်စင် သေခြင်းကိုးပါး၊ သူတော်စင်ကျောက်တုံးနက်၊ ရှမင် ဇီရှန် တို့က အရမ်းကို အစွမ်းထက်နေပေမဲ့လည်း ကျန်တဲ့လူတွေက အစွမ်းမထက်တဲ့လူတွေမဟုတ်ကြပါဘူး။ သူတို့တွေက ပညာကုန် မထုတ်သုံးပဲ လျှိုထားကြသလို တချို့ကတော့လည်း အဆင့်တစ်ခု အောင်မြင်တိုးတက်လာခါနီးနေခဲ့ကြပါပြီ။

ဒီလိုအချိန်မှာတော့ အရာအားလုံး ဖြစ်ပျက်နိုင်ပါတယ်။

“မင်းတို့ ၂၄ယောက်လုံး”
ရှအင်ပါရီယာပြည့်၇ှင် ရုတ်တရက် စကားပြောလိုက်ပါတယ်။

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now