Book 17 Chp 9

62 10 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 17 
Chapter 9 (တံခါးပိတ်)

ရှအင်ပါ၇ီယာ ပြည့်၇ှင်လည်း ရယ်မောလို့သာနေပါတော့တယ်။ ဂျိနင်တို့အားလုံးက တော်၀င်ရှအင်ပါယာ ကမ္ဘာက တန်ခိုးရှင်တွေပဲလေ။ ဒါကြောင့်လည်း ဆိုရိုးစကားအတိုင်းပေ့ါ… မြေသြဇာပြည့်ဝနေတဲ့ ရေကို တခြားလူတစ်ဦးရဲ့ လယ်ကွင်းထဲ မစီးဆင်းစေရဘူးလေ။ ဒါကြောင့် လောကသုံးပါးမှာ သူရဲကောင်း ဖြစ်လာနိုင်မဲ့ တန်ခိုးရှင်တွေကို သူ့အနားမှာပဲ ထားရမှာပေါ့။ ဘာဖြစ်လို့ သူများကို ပေးလိုက်ရမှာလည်း။

“မြေခွေးအိုကြီး…”
လူတုံပင် ရေရွတ်လိုက်ပါတယ်။
“မင်းအပြုံးကို မင်းပြန်ကြည့်စမ်းပါ။ ဂျိနင်က အခုဆို တဖြည်းဖြည်း အစွမ်းတွေ တိုးလာပြီး ရှမင်ဇီရှန်အရေးနိမ့်နေပြီဆိုတာကို မတွေ့ဘူးလား။ ဒါက မင်တို့ရှမင်ကလန်က လူအရေးနိမ့်နေတာနော်။”

“အမှန်ပဲ.. ဒီတိုက်ပွဲမှာ ဇီရှန် ရှုံးသွားလိမ့်မယ်။”
ရှအင်ပါရီယာပြည့်ရှင်က အမူအရာ မပျက်ခဲ့ပါဘူး။
“ဂျိနင်ကို သူရှုံးသွားရလည်း ငါဘာမှ ပြောလို့မရဘူးလေ။ ပြီးတော့ ဇီရှန်ရဲ့ အမူအကျင့်က မာန်မာနများနေသေးတယ်။ သူ့ကို သွန်သင်ဆုံးမဖို့ရာ ခက်လွန်းတယ်။  ငါ့ဆရာရဲ့ စိတ်ထားအတိုင်းဆိုရင်တော့ ဂျိနင်နဲ့ ဇီရှန် နှစ်ဦးထဲက တစ်ဦးကို ရွေးချယ်ခိုင်းမယ်ဆိုရင် ဆရာက ဂျိနင်ကိုပဲ ရွေးချယ်လိမ့်မယ်။”

“လူယုတ်မာရှမင်…”

ကျန်တဲ့ သန့်စင်သောယန် အစစ်အမှန်အင်မော်တယ်တွေအားလုံး ခေါင်းကို ခါယမ်းလိုက်ကြပါတယ်။ ရှမင်ကိုယ်တိုင် ပြောလာတော့လည်း ဂျိနင်ကို ခေါ်သွားဖို့ အတွေးကို လက်လျှော့လိုက်ရတော့မှာပေါ့လေ။ ပြီးတော့ အခုလက်ရှိ လောကသုံးပါးမှာ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အမှောင်ထု မြေအောက် ရေစီးကြောင်းတွေအရေးနဲ့ တော်၀င်ရှ အင်ပါရီယာကမ္ဘာကြီးကလည်း ကမ္မကံကြမ္မာ မြင့်မားလွန်းတဲ့ အေ၇းကို ချိန်လိုက်မယ်ဆိုရင် ဒီကနေပဲ အနာဂတ်ရဲ့ သူရဲကောင်းတွေ ထွက်ပေါ်လာဖို့ ရာခိုင်နှုန်းအရမ်းများနေတယ်လေ။

ဒါပေမဲ့လည်း ဖြစ်ပေါ်လာမဲ့ ကပ်ဘေးက ဘယ်လောက်တောင် ကြီးကျယ်မယ်ဆိုတာကိုတော့ ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ပါဘူး။

ဂျိနင် Book 16 & 17 & 18 & 19 & 20Dove le storie prendono vita. Scoprilo ora