Book 19 Chp 5

65 9 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 19 
Chapter 5 (မြစ်စွယ်တောင်တန်း)

ဂျိနင်လည်း အဝေးက မြစ်စွယ်တောင်တန်းကိုလှမ်းမျှော်ကြည့်နေမိပါတယ်။ ဒီအခါမှာတော့ သူတစ်ချက် ရင်ထိတ်သွားပါတော့တယ်။ ဒီတောင်တန်းတွေထဲမှာ ကြောက်စရာကောင်းလွန်းလှတဲ့ တည်ရှိမှု တစ်ခုခု ရစ်ပတ်နှောင်ဖွဲ့နေတယ်လို့ ခံစားမိလိုက်လို့ပါ။

“ငါ့ရဲ့ အခုလက်ရှိ အဆင့်နဲ့ဆိုရင်… လခြမ်းကွေးတောင်တစ်ခုလုံးမှာ ငါ့ကို အန္တရာယ်ပေးနိုင်တဲ့ လူဆိုတာ ခပ်ရှားရှားရယ်။ ငါ့ထက်အစွမ်းထက်ကြတဲ့ သူတွေ အကုန်လုံးက အတွင်းစိတ် နှလုံးသားတောင်ကို ရောက်နေကြတာ…။ ပြီးတော့ကာ… သူတို့တွေက ငါ့ကိုတွေ့ရင် ဆရာဦးလေးလို့ ခေါ်ဝေါ်ကြရတာလေ။ အစစ်အမှန်အင်မော်တယ်တွေ အင်ပါရီယာ နတ်ဘုရားတွေတောင်မှ ငါ့တပည့်တွေပဲလေ။”
နင် စိတ်ထဲကြိတ်ပြုံးလိုက်မိပါတယ်။

လခြမ်းကွေး ကမ္ဘာထဲ လှည့်လည်သွားလာရတာက သူ့မိသားစုပိုင် ပန်းခြံတစ်ခုထဲ လျှောက်လည်ရတဲ့ အလားပါ။ အခုမှ ပထမဆုံးအကြိမ် ကြောက်ရွံြ့ုခင်းကို သူခံစားမိခဲ့တာပါ။

“ကြည့်ရတာ တကယ့်ကို အန္တရာယ် တစ်ခုခုတော့ ရှိနေပြီ။ ငါ့ကို ဒုက္ခပေးဖို့ရာ လုံလောက်တဲ့ အန္တရာယ်။”
နင်လည်း ခေါင်းကို ညိတ်လိုက်ပါတယ်။
“အင်း… အခြေအနေ ဆိုးလာတယ်ဆိုရင်လည်း ရေအောက်နန်းတော်ထဲ ၀င်ပုန်းနေလိုက်ရုံပေါ့။ နောက်တော့မှ ဆရာ့ကို အကူအညီ လှမ်းတောင်ပြီး အတွင်းစိတ်နှလုံးသားတောင်ကို ပြန်ခေါ်ခိုင်းရမယ်။”

အခြေအနေဆိုး တစ်ခုမှာ ပိတ်မိနေတဲ့ အခါကျရင် ဆရာ့ကို အကူအညီ လှမ်းတောင်းလိုက်ရုံပဲလေ။ ဒါက နည်းနည်းတော့ အရှက်မရှိတဲ့ လုပ်ရပ်ပေမဲ့လည်း သူက အခု လခြမ်းကွေး ကမ္ဘာထဲမှာလေ။ သူ့ရဲ့ ဆရာကလည်း အရမ်းကြီး စည်းကမ်း မတင်းကျပ်ထားပါဘူး။ ပြီးတော့ လခြမ်းကွေး ကမ္ဘာကနေ အပြင်လောကကို ထွက်ခွာလာပြီဆိုရင် နင်က သူ့ဆရာရဲ့နာမည်ကို ပြောခွင့် မရှိတော့ဘူးလေ။ သူ့ကိုယ်သူသာ အရာအားလုံးအတွက် အားကိုးရတော့မှာပါ။

“ဆရာ…”
အနားမှာ ရှိနေတဲ့ တောင်ပြာတန်းရှောင်ယုက လှမ်းခေါ်လိုက်ပါတယ်။

ဂျိနင် Book 16 & 17 & 18 & 19 & 20Hikayelerin yaşadığı yer. Şimdi keşfedin