ဓားတန်ခိုးရှင်၏ ဒဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 18
Chapter 13 (ချီအင်ပါယာရဲ့ အသက်ရှင်ကျန်ရစ်သူများ..)ကြယ်တာရာ ကုန်းမြေတိုက်ကြီးကို ဆင်းသက်လာခဲ့ကတည်းက အဆိပ်နဂါးမြစ်ပြင်ထဲ နင်ရွက်လွှင်လို့နေခဲ့ပြီး ပတ်၀န်းကျင်တခွင်ကို နတ်ဘုရားစိတ်အာရုံတွေ ဖြန့်ကျက်လို့ ထားခဲ့ပါတယ်။ လက်၀က်လောက်ကို ရှာဖွေခဲ့ပြီးပေမဲ့လည်း မဟာကမ္မကံကောင်းခြင်းနဲ့ မဟာပြစ်မှု ကျူးလွန်ထားသူ တစ်ဦးမှကိုမတွေ့ခဲ့သေးပါဘူး။ ဒီနေ့တော့ ပျင်းပျင်းရှိတာနဲ့ ဝါးပုလွေလေးတစ်ချောင်းကို တီးမှုတ်ပြီး မြစ်ပြင်ထဲ မျော်ပါနေစဉ်မှာမှ မဟာကမ္မကံကောင်းခြင်း ရှိတဲ့သူနဲ့ တွေ့ဆုံခဲ့ရတာပါ။
၀ှစ်
လှော်တက်နှစ်ခုကတော့ အလိုလိုလှော်ခတ်လို့နေဆဲပါ။ ဒီလိုနဲ့ ကမ်းအနီးကို ရောက်လို့ လာခဲ့ပါပြီ။ နင်လည်း သူ့လှေကို ကမ်းကပ်လိုက်ပြီး ကမ်းပေါ် ဆင်းသက်လာခဲ့ပါတယ်။
အင်ပါရီယာ ချီကလန်သားတွေလည်း နင်က သာမန်လူအတိုင်း မြေပြင်ကို ဆင်းသက်လာတာကို တွေ့လိုက်ရပါတယ်။ ဒီတော့မှ သူက သာမန်လူသားတစ်ဦးဆိုတာ ပိုပြီးသေချာသွားကြပါတော့တယ်။ သူတို့အဖွဲ့ထဲမှာ အားအနည်းဆုံး လူတောင်မှ ဇီဖူတန်ခိုးရှင် အဆင့်ရှိနေတယ်လေ။ ဘာဖြစ်လို့များ ဒီလိုသာမန်လူသားတစ်ဦးကို ဂရုစိုက်နေမရတာလည်း။ ဒါပေမဲ့ ဒီ သာမန်လူသားက သူတို့ဆီကို ဦးတည်ပြီးလျှောက်လို့လာနေပါတယ်။
“အစ်ကိုကြီး… သူက ကျွန်မတို့ဆီကို လျှောက်လာနေတယ်နော်။”
အနက်ရောင် ၀တ်စုံနဲ့ ကောင်မလေးက စိတ်နဲ့ဆက်သွယ်လိုက်ပါတယ်။“သာမန်လူသာလေးကများကွာ.. ငါတို့ရဲ့ အင်ပါရီယာ နန်းတော်မှာသာဆို ငါတို့အရှေ့ဒီလိုလာပြီးမတ်တပ်ရပ်နေလို့ကတော့ အသက်ပျောက်သွားတာ ကြာပေ့ါ…။”
ခရမ်းရောင် ၀တ်စုံ၀တ်ဆင်ထားတဲ့ မင်းသမီးလေးရဲ့ မျက်လုံးမှာ အမှောင်ထုတွေပြည့်နေလို့ပါ။ နှစ်ပေါင်းများစွာ ထွက်ပြေးခဲ့ရပြီးနောက်မှာတော့ သူတို့ရင်ထဲ အမုန်းတရားနဲ့ အမှောင်ထုတွေ ပြည့်လို့လာခဲ့ပြီလေ။
YOU ARE READING
ဂျိနင် Book 16 & 17 & 18 & 19 & 20
Historical FictionJust For myself. It's a work of Dr-Panda