Book 17 Chp 12

62 7 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 17 
Chapter 12 (အစွမ်းထက်လွန်းသော နတ်ဘုရားသိုင်း)

ပင်လယ်လှိုင်းဖျားဆိုတာကတော့ လောကသုံးပါးမှာ လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူက မိစ္ဆာမွန်းစတားတစ်ကောင်ဖြစ်ပြီး အင်ပါရီယာနတ်ဘုရားအဆင့်အထိကို ရောက်အောင် ကျင့်ကြံလာနိုင်ခဲ့တဲ့ လူပါ။ ပြောရရင်တော့ သူ့ကို အင်ပါ၇ီယာ နတ်ဘုရား ဒါမှမဟုတ် မဟာ သူတော်စင်ကြီးလို့ တခြားလူတွေက တလေးတစားခေါ်ကြပါတယ်။ တကယ်တော့ အင်ပါရီယာ နတ်ဘုရား ပင်လယ်လှိုင်းဖျားဟာ စည်းလွတ်ဘောင်လွတ် ရမ်းကားတတ်သူ ဖြစ်သလို ရက်စက်လှပြီး အာဏာရှင် ဆန်လွန်းသူပါ။ ဒါကြောင့် သူ့ကို တချို့က မိစ္ဆာဘုရင်လို့ နာမည်ပြောင်ပေးခဲ့ကြတယ်။

၀တုတ်လေး အရမ်းကို ထိတ်လန့်ကြောက်ရွံ့လို့ သွားပါတယ်။ ပင်လယ်လှိုင်းဖျားရဲ့ ရက်စက်လှတဲ့ အရှိန်အဝါတွေဟာ မိုးကောင်းကင်အလင်းရောင် နန်းတော်ကြီးရဲ့ ပင်မဧည့်ခန်းမဆောင် တခုလုံးကို ပြည့်သွားခဲ့လို့ပါ။ ကောင်းကင်အင်မော်တယ်တွေတောင်မှ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ ၀မ်ရှင်းသူတော်စင်တွေဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့..။

“ကျွန်… ကျွန်ော်..”
၀တုတ်လေး မတ်တပ်ထရပ်လိုက်ပါတယ်။

“အိုးဟိုး”
ပင်လယ်လှိုင်းဖျားလည်း သူ့ကို ပြုံးပြီး ခေါင်းညိတ်ပြလိုက်ပါတယ်။
“မင်းက တကယ့်ကို ဖိုသီဖတ်သီ ပုံပဲကွ.. ဟားဟား..”

သူချက်ခြင်းပဲ ၀တုတ်လေးအနားကိုလျှောက်လာခဲ့ပြီး လက်မောင်းကနေ ဆွဲခေါ်လာခဲ့ပါတော့တယ်။ ရှအင်ပါရီယာပြည့်၇ှင်ရဲ့ နံဘေးမှာတော့ အင်မော်တယ် ၀တ်မှုန်အရက်တွေ အင်မော်တယ် သစ်သီးတွေပြည့်လို့နေတဲ့ စားပွဲ အသစ်တစ်လုံးပေါ်လို့လာခဲ့ပြီးပါပြီ။

၀တုတ်လေးကတော့ ဆောက်တည်ရာ မရ ဖြစ်နေဆဲပါ။ အင်ပါရီယာ နတ်ဘုရား ပင်လယ်လှိုင်းဖျားက အရမ်းကို  အစွမ်းထက်လွန်းတယ်လေ။ သူ့လက်မောင်းကို ဆွဲပြီးခေါ်သွားခဲ့ပေမဲ့ ၀တုတ်လေး နည်းနည်းလေးမှ လှုပ်ရှားလို့ မရခဲ့ပါဘူး။

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now