Book 17 Chp 4

61 8 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 17 
Chapter 4 (မီးလျှံငယ်ကျန်းနှင့် ဂျိနင်တိုက်ပွဲ..)

ချန်းဝူကျူးက သူတော်စင် နဂါးဖြူနဲ့ တိုက်ခိုက်တော့မှာပါ။

အင်မော်တယ် ကံကြမ္မာပြိုင်ပွဲရဲ့ ဒီအဆင့်အထိကို တက်လှမ်းလာနိုင်တဲ့ တန်ခိုးရှင်တွေအားလုံးဟာ တကယ့်ကို ပြိုင်စံရှားတဲ့ ပါရမီရှင်တွေချည်းပါ။ အားလုံး မပြောဆိုထားပဲနဲ့ နားလည်ထားကြတာကတော့ အချင်းချင်းကို နတ်ဘုရားစိတ်စွမ်းအင်ပညာ တိုက်ခိုက်မှုကော မှော်ပညာနဲ့တိုက်ခိုက်မှုပါ မလုပ်ဆောင်ကြတော့တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ မှော်ရတနာတွေကို ကီစွမ်းအင်နဲ့ ထိန်းချုပ်ပြီး ရန်သူကို တိုကခိုက်တာက ထိရောက်မှု မ၇ှိတော့လို့ပါ။ အားလုံးက နတ်ဘုရားသိုင်းပညာကို အသုံးပြုပြီးပဲ တိုက်ခိုက်ကြပါပြီ။ ဂျိနင်လည်း ဓားပျံငယ်တစ်ထောင် ၀င်္ဂဘာ ဓားသိုင်းကို အသုံးမပြုတော့ပါဘူး။

၀ုန်း

၀ှစ်

ချန်းဝူကျူးနဲ့ သူတော်စင် နဂါးဖြူတို့ ရက်ရက်စက်စက် ရင်ဆိုင်တိုက်ခိုက်လျက် ရှိနေကြပါပြီ။ နှစ်ဦးလုံးကတော့ မိုးကောင်းကင်တမျှ အသွင်ပြောင်းလဲခြင်းကော ခေါင်းသုံးလုံး လက်ခြောက်ဖက် ပညာရပ်ကိုပါ အသုံးပြုတိုက်ခိုက်ကြတာပါ။ နှစ်ဦးလုံးကတော့ သူတို့ရဲ့ အစွမ်းအထက်ဆုံးဆိုတဲ့ နတ်ဘုရားသိုင်းပညာရပ်တွေကို အသုံးပြုနေခဲ့ကြပါပြီ။

သူတော်စင် နဂါးဖြူကတော့ နှင်းလို ဖွေးဖွေးဖြူနေတဲ့ နတ်နဂါးတစ်ကောင်အဖြစ် လုံး၀ ပြောင်းလဲလို့ သွားခဲ့ပါပြီ။ ချန်းဝူကျူးရဲ့ မြန်ဆန်မှုကလည်း တကယ့်ကို ကြောက်ခမန်းလိလိပါ။ အားလုံးမြင်နေရတာကတော့ လက်လို့နေတဲ့ လျှပ်စီးမိုးကြိုးတွေသာပါ။ ဒေါမာန်နဲ့ ကခုန်လို့ နေတဲ့ လျှပ်စီးမိုးကြိုးတွေ အလယ်မှာတော့ ချန်းဝူကျုးကို ရေးတေးတေးလေး တွေ့ရပါတယ်။ သူ့ရဲ့ အမြန်နှုန်းကြောင့် ချန်းဝူကျူးတွေ အများကြီးက ဒီနတ်နဂါးကြီးကို ရင်ဆိုင်နေတဲ့ အလားပါ။

“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ အမြန်နှုန်းလည်း။”

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now