Book 20 Chp 16

67 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 20 
Chapter 16 (ပြည်ဖုံးကားချ)

ဂျိနင်လည်း လေထဲကနေ ညမြစ်ကို ထိန်းချုပ်အမိန့်ပေးလို့ပါ။

“အဲ…”
နင်မျက်နှာ ရုတ်တရက် ပျက်သွားခဲ့ပါပြီ။ အရပ်မျက်နှာတိုင်းမှာ လေထဲ ဝဲပျံလို့နေတဲ့ တောင်ထိပ်ကြီးတွေကို သူမြင်လိုက်ရလို့လေ။ စုစုပေါင်း တောင်ထိပ်ကြီး ၉ ခုဟာ လေထဲမှာ မြောက်လို့ နေပါတယ်။ အားလုံးကိုတော့ အနီရောင် မှော်သင်္ကေတတွေ ၀န်းရံထားလို့ပါ။ နင်လည်း အားလုံးကို မျက်လုံးကျဉ်းမြောင်းပြီး ကြည့်လိုက်မိပါတယ်။
“တောင်ထိပ်ကြီးတွေကို ၀င်္ကဘာ အခြေခံအနေနဲ့ အသုံးပြုပြီးတော့.. မှော်၇တနာ အဖြစ်သန့်စင်ပြီး ချိတ်ဆက်အသုံးပြုထားတဲ့ ၀င်္ကဘာပဲ…။”

၀င်္ကဘာနဲ့ ပတ်သက်ပြီး ဘာမှနားမလည်သူ မဟုတ်ဘူးလေ။ ဒီ၀င်္ကဘာအတွက် ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ရလည်းဆိုတာကိုသူနားလည်ပါတယ်။ တကယ့်ကို ထိပ်တန်းအဆင့် ၀င်္ကဘာကြီးပါ။ ဒါပေမဲ့ ချိုင့်ဝှမ်းဒေသက ကြောက်စရာကောင်းလွန်းလှတဲ့ မဟာသတ်ဖြတ်မှု ၀င်္ကဘာတွေထက်တော့ နည်းနည်းလေး အားနည်းနိုင်ပါလ်ိမ့်မယ်။ ဒီအခြေအနေက ကောင်းကင်အင်မော်တယ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်နေပြီလေ။ ဘယ်လောက် အစွမ်းထက်မယ်ဆိုတာကတော့ ကိုယ်တိုင် ရင်ဆိုင်ရမှသာ သိမှာပါ။

“ဒီ လူသတ်သမားတွေက ဘယ်ကနေ ရောက်လာရတာလဲ..။ ဘာဖြစ်လို့ ဒီလောက်အထိ အစွမ်းထက်တဲ့ အသုံးအဆောင်တွေ ရှိနေရတာလဲ..။”
ဘယ်သူက သူ့ကို သတ်ဖို့ ကြိုးစားနေလည်းဆိုတာကို နင်စဉ်းစားမရအောင် ဖြစ်နေခဲ့ပါတယ်။

သူသံသယ၀င်သူ အချို့ ရှိနေပေမဲ့ တကယ်ကြီးတော့ တထစ်ချ မစွပ်စွဲလိုသေးဘူးလေ။

၀ှစ်

လေထဲမှာရှိနေတဲ့ တောင်ကြီး ကိုးလုံးဟာ မှော်သင်္ကေတအလင်းရောင်တွေနဲ့ ချိတ်ဆက်လို့သွားခဲ့ကြပါပြီ။ သိပ်မကြာခင်မှာပဲ အနီရောင်မှော်သင်္ကေတတွေဟာ စက်ဝုိင်းသဏ္ဌာန် စီးဆင်းရင်းနဲ့ တောင်ကြီးကိုးလုံးဟာလည်း တစ်လုံးတည်းအဖြစ် ချိတ်ဆက်သွားခဲ့ကြပြီလေ။

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now