Book 16 Chp 12

68 10 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 16 
Chapter 12 (နောက်ဆုံးလ)

ယုဝေလည်း အားကျစွာနဲ့ ပြောလိုက်ပါတယ်။
“သူတို့တွေက ကောင်းကင်ဘုံရဲ့ကောင်းချီးပေးခြင်းခံ၇တဲ့ သားတော်တွေပဲလေ။ ကီလမ်းစဉ်လျှောက်သူတွေဟာ ရွှေရောင်အင်မော်တယ် တာအိုဖခင်ကြီးတွေကို လေးစားကြည်ညိုကြသလိုပဲ… ဖင်းဂေါ့လမ်းစဉ်လျှောက်သူတွေဟာလည်း ပျက်စီးမှု မူလစကြာ၀ဠာရဲ့ အစစ်အမှန် နတ်ဘုရားတွေကို လေးစားကြည်ညိုကြတယ်လေ။ ပန်ဂုက စကြာ၀ဠာကိုတည်ဆောက်ပြီးကတည်းကကို သူတို့က လောကသုံးပါးရဲ့ အစွမ်အထက်ဆုံး တည်ရှိမှုတွေ ဖြစ်ခဲ့ကြတာပေါ့။ သူတို့တွေက လောကသုံးပါးရဲ့ ကံကြမ္မာကို ကိုင်ထားနိုင်တဲ့ လူတွေပဲလေ။ သိကြားမင်းကိုတောင်မှ သူတို့တွေ ရွေးချယ်တင်မြောက်ကြရတာ..။”

နင်လည်း အများကြီးတွေးနေမိပါတယ်။

တာအိုတန်ခိုးရှင် အသက်သုံးချောင်းက မူလပျက်စီးမှု စကြာ၀ဠာကနေ မဟာတာအိုတစ်ခုကို နားလည်ခြင်းနဲ့အတူ မွေးဖွားလာခဲ့တာပါ။ တာအိုတန်ခိုးရျင်အသက်သုံးချောင်းက ပျက်စီးမှု မူလစကြာ၀ဠာရဲ့ အစစ်အမှန် နတ်ဘုရာတစ်ပါးဖြစ်မှာ သေချာပါတယ်။

ဒါပေမဲ့ ၀က်ဝံ၀ါကြီးပြောစကားအရဆို.. တာအိုတန်ခိုးရှင် အသက်သုံးချောင်းက တိုက်ပွဲတစ်ခုမှာ ဆိုးဆိုးရွားရွား ရှုံးနိမ့််ခဲ့ပြီးတော့ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရပါတယ်။ မာနကြီးလှတဲ့ တာအိုတန်ခိုးရှင်အသက်သုံးချောင်းဟာ ပြတ်သွားတဲ့လက်တစ်ဖက်ကို ပြန်မပေါက်စေပဲ လက်တစ်ဖက်တည်းနဲ့ ဆက်ပြီးတော့ ရှင်သန်ခဲ့ပါတယ်။ သူ့ရဲ့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်မှုတွေကြောင့် လောသုံးပါးရဲ့ အစွမ်းအထက်ဆုံး နတ်ဘုရားသိုင်း ၁၀ ကျမ်းထဲက တစ်ကျမ်းဖြစ်တဲ့ ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းကို တီထွင်နိုင်ခဲ့ပါတယ်။

“ဂျိနင်… ”
ဂျိနင်နားထဲ ၀က်ဝံ၀ါကြီးခေါ်လိုက်သံကို ကြားလိုက်ရပါတယ်။

“ဆရာကြီး…”
နင်လည်း ချက်ခြင်းပြန်ထူးလိုက်ပါတယ်။

“အင်ပါရီယာနတ်ဘုရားတွေထဲမှာမှ.. အစွမ်းထက်တဲ့ နတ်ဘုရားသို်င်း တတ်သူတွေ ရှိသလို အားနည်းတဲ့လူတွေလည်း ရှိတယ်လေ။ အစစ်အမှန် နတ်ဘုရားတွေမှာလည်း ဒီလိုပဲ။ သူတို့တွေ ဘယ်လိုလုပ် အဆင့်တူနိုင်ပါ့မလည်း။”
၀က်ဝံ၀ါကြီးလည်းသူ့ဆရာကိစ္စကြောင့် မကျေမနပ် ဖြစ်နေသလိုပါပဲ။
“ပြီးတော့ ဆရာသာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင်… မိုးကောင်းကင်တာအိုကို နားလည်အောင်မြင်သွားခဲ့လောက်ပြီပေါ့။ ဒါပေမဲ့လည်း ဒီလောက် နှစ်တွေ ခေတ်တွေ ဖြတ်သန်းလာခဲ့တာတောင်..ဆရာက ငါ့ကို လာမရှာခဲ့သေးဘူး…။”

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now